ကန်ကြီးထောင့်မြို့နယ်၌ စက်သုံးဆီအရောင်းဆိုင်များ ကွင်းဆင်းစစ်ဆေး
ကန်ကြီးထောင့် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်အတွင်း
အယ်လ်နီညိုရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားလျက်ရှိရာ မီးလောင်မှုနှင့် မီးလန့်မှုများမဖြစ်
ပေါ်စေရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက စက်သုံးဆီအရောင်းဆိုင်များသို့
သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် ပုသိမ်ခရိုင်
မီးသတ်ဦးစီးမှူး ဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်ကာ မီးဘေးလုံခြုံရေး
စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ၊ မီးသတ်ဆေးဘူးများ အလွယ်တကူ အသင့်အသုံးပြုနိုင်ရေး
ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် မီးသတ်ရေလှောင်ကန်များတွင် ရေဖြည့်တင်းထားမှု အခြေအနေများကို
စစ်ဆေးခဲ့ကြသည်။
ထို့ပြင် မီးလောင်မှုဖြစ်ပွားပါက ချက်ချင်းတုံ့ပြန်
မီးငြှိမ်းသတ်နိုင်ရေးအတွက် အပေါ့စားမီးသတ် စက်ဖြင့် Foam အမြှုပ်ဆေးရည် လက်တွေ့အသုံးပြု
မီးငြှိမ်းသတ်နည်းများကို ဆိုင်ဝန်ထမ်းများနှင့်အတူ လက်တွေ့စမ်းသပ်ဆောင်ရွက်ခဲ့ကြကြောင်း
သိရသည်။
ကျော်ဇင်စိုး(ပြန်/ဆက်)

No comments