၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆက်လက်ကျင်းပ
ရန်ကုန် နိုဝင်ဘာ ၃
ဘိလိယက်နှင့် စနူကာအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရေးနှင့် မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးတို့အတွက် ရည်ရွယ်၍ အားကစားရေးရာဝန်ကြီးဌာနမှ ကြီးမှူးပြီး အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြန်မာနိုင်ငံ ဘိလိယက်နှင့် စနူကာအဖွဲ့ချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်း၍ ၂ဝ၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့် စနူကာပြိုင်ပွဲ”ကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် အမျိုးသား
အားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ဆက်လက်ကျင်းပသည်။
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး စနူကာ 6-Red၊ စနူကာ 15-Red၊ 9 Ball Pool နှင့် ဘိလိယက် ပြိုင်ပွဲများကို ယှဉ်ပြိုင်ခဲ့သည်။
အမျိုးသားပြိုင်ပွဲ
ပွဲစဉ်များအဖြစ် စနူကာ 15-Red ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းမှ
ကောင်းဇံထက်က မွန်ပြည်နယ်အသင်းမှ ရဲရင့်မှူးကို ရလဒ်သုံးပွဲ-နှစ်ပွဲဖြင့်လည်းကောင်း၊
ရန်ကုန်တိုင်းဒေသကြီးအသင်းမှ နိုင်ဝင်းက
ဧရာဝတီတိုင်းဒေသကြီးအသင်းမှ သန်းဇော်ထွန်းကို ရလဒ်သုံးပွဲ-တစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ညီညီမောင်က ရှမ်းပြည်နယ်အသင်းမှ
ကမ္ဘာလင်းကို ရလဒ် သုံးပွဲ -နှစ်ပွဲဖြင့်
လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ မာန်ဟိန်းကျော်က ပဲခူးတိုင်းဒေသကြီးအသင်းမှ
ငြိမ်းပြည့်ဖြိုးကို ရလဒ်သုံးပွဲ -နှစ်ပွဲဖြင့် လည်းကောင်း၊ စနူကာ
6-Red ပြိုင်ပွဲတွင် ကရင်ပြည်နယ်အသင်းမှ ကိုကိုချစ်က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်နိုင်စိုးကို ရလဒ်လေးပွဲ - သုံးပွဲဖြင့် လည်းကောင်း၊ ချင်းပြည်နယ်အသင်းမှ
သျှံထွန်းအောင်က ဧရာဝတီတိုင်း
ဒေသကြီးအသင်းမှ ကျော်စွာလင်းကို ရလဒ်လေးပွဲ - နှစ်ပွဲဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ မင်းစည်သူထွန်းက ဧရာဝတီတိုင်းဒေသကြီးအသင်းမှ
ရဲထွဋ်နိုင်ကို ရလဒ်လေးပွဲ
- နှစ်ပွဲဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ သူရဇော်က ရှမ်းပြည်နယ်အသင်းမှ ဖီးအီကို ရလဒ်လေးပွဲ - သုံးပွဲဖြင့်လည်းကောင်း၊
9 Ball Pool ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ စိုင်းကွမ်းမိုင်းက ကချင်ပြည်နယ်အသင်းမှ အောင်မြင့်ကို ရလဒ်ကိုးပွဲ-ခုနစ်ပွဲဖြင့်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အောင်ဖြိုးက စစ်ကိုင်းတိုင်းဒေသကြီးအသင်းမှ
ခန့်မင်းထွန်းကို ရလဒ် ကိုးပွဲ - ခုနစ်ပွဲဖြင့်လည်းကောင်း၊ ဘိလိယက်ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအသင်းမှ ကျော်စွာဝင်းက
ချင်းပြည်နယ်အသင်းမှ ဇော်လင်းနုကို ရလဒ်သုံးပွဲ - ပွဲမရှိဖြင့်လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ ဝင်းကိုကိုက
စစ်ကိုင်း တိုင်းဒေသကြီးအသင်းမှ သီဟံစိုးကို ရလဒ်သုံးပွဲ- ပွဲမရှိဖြင့်လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့ သည်။
အလားတူ အမျိုးသမီးပြိုင်ပွဲ
ပွဲစဉ်အဖြစ် စနူကာ 6-Red ပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီး
အသင်းမှ ဖြူစင်အောင်က ရန်ကုန်တိုင်းဒေသကြီးအသင်းမှ စန်းစန်းမော်ကို ရလဒ်သုံးပွဲ
- ပွဲမရှိဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအသင်းမှ အေမီအောင်က ရှမ်းပြည်နယ်အသင်းမှ အေးအေးမြတ်ကို ရလဒ်သုံးပွဲ - ပွဲမရှိဖြင့် လည်းကောင်း၊
9 Ball Pool ပြိုင်ပွဲတွင်
ရှမ်းပြည်နယ်အသင်းမှ ခေါန်ဆန့်က မကွေးတိုင်းဒေသကြီးအသင်းမှ နွယ်နီလင်းကို ရလဒ်ငါးပွဲ-
လေးပွဲဖြင့် လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှ ဝင်းမာလာအောင်က ချင်းပြည်နယ်အသင်းမှ
တင်မျိုးလှိုင်ကို ရလဒ်ငါးပွဲ- ပွဲမရှိဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအသင်းမှ
သက်ဝါဝင်းက ချင်းပြည်နယ်အသင်းမှ ခင်စန္ဒီလွင်ကို ရလဒ်ငါးပွဲ- သုံးပွဲဖြင့်လည်းကောင်း၊ မွန်ပြည်နယ်အသင်းမှသန္တာတိုးအောင်က မကွေးတိုင်းဒေသကြီးအသင်းမှ မေချော့ကို ရလဒ် ငါးပွဲ - လေးပွဲဖြင့် လည်းကောင်း ယှဉ်ပြိုင်အနိုင်ရရှိခဲ့သည်။
နိုဝင်ဘာ ၄ ရက် နံနက်
၁၀ နာရီ မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်၍
အားကစားဝါသနာရှင် မိဘပြည်သူများအနေဖြင့် မည်သူမဆို “အခမဲ့”
လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်

No comments