လူသိရှင်ကြား တောလားများ

 


သန်းလင်း (ရွှေချောင်း- ပခုက္ကူ) ရေးသားထားသည့် လူသိရှင်ကြား တောလားများစာအုပ် ထွက်ရှိလာသည်။

 

စာအုပ်တွင် ရှာမှရှားတဲ့ အလောင်းတော်ကဿပသွားတောလား၊ အင်းဝမြို့ဟောင်းသွားတောလား၊ ရှင်မတောင်သွား တောလား၊ ရှေးမြို့ဟောင်း လောင်းရှည်သွား တောလား၊ ဇီးအိုအင်ကြင်းတောသွား တောလား၊ ဇောင်ချမ်းပင်ရှာပုံတော်၊ ဦးခိုက်ပူဇော် ရွှေမုဋ္ဌောဓာတုစေတီတော်၊ ဗောဓိအာဂမန ဇာတ်ဝင်ခန်း နံရံဆေးရေးပန်းချီများ၊ မယ်မင်းလှသို့ လွမ်းချင်း၊ တဝဂူပဟေဠိကိုအဖြေညှိခြင်း၊ တုရင်တောင်၏ လွမ်းဖွယ်ပုံရိပ်များ၊ ရွှေအိမ်စည်မင်းသမီးသို့လွမ်းချင်း၊ ပုဂံမြို့ဟောင်းရှိ အင်္ဂလိပ်နာမည်နှင့် ဘုရားတစ်ဆူ၊ စီပီသနပ်ခါး၊ ရာဇဝင်ထဲက ပြည်တော်သာ၊ မေတ္တာရနံ့မပြယ်သေးသည့် မေတ္တာနယ်မြေ၊ ပခုက္ကူမြို့လယ်က မေတ္တာနယ်မြေ၊ မြစေတီကျောက်စာထဲက ရွာသုံးရွာကို ရှာဖွေခြင်း၊ ရဘဲရွာမှ သမိုင်းသက်သေ၊ ပခုက္ကူမြို့ရှိ မင်္ဂလာဓမ္မသာရ ရုပ်စုံကျောင်းတော်မဟာ၊ ပျောက်ကွယ်တော့မည့် ထန်းတက်ပညာ၊ သူ့သား၊ မင်းရဲကျော်စွာ စသည့်ဆောင်းပါး ၂၃ ပုဒ် ပါဝင်သည်။

 

စာရေးသူသည် ခရီးသွားရင်း ရောက်ရှိရာဒေသ၏ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ သဘာဝအလှအပ၊ သမိုင်းရာဇဝင်တို့ကို အများသူငါ သိစေလိုသောစေတနာဖြင့် ရေးသားထားသည်။

 

စာအုပ်ကို ရှင်မတောင်စာပေ၊ ဖုန်း ၀၉၇၉၈၁၈၉၁၄၈၊ ၀၉၇၆၀၄၆၈၁၃၈ (Viber)၊ အမှတ် ၂၁၉၊ လမ်း ၄၀ (လယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့မှ တန်ဖိုးငွေကျပ် ၁၀၀၀၀ ဖြင့် ဖြန့်ချိသည်။

ကြေးမုံ

No comments

Powered by Blogger.