မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံခြားခရီးသွား ၈၆၅၁၀၅ ဦး ဝင်ရောက်
နိုဝင်ဘာ
၂၀
မြန်မာနိုင်ငံသို့
၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း နိုင်ငံခြားခရီးသွားစုစုပေါင်း ၈၆၅၁၀၅ ဦး ဝင်ရောက်ခဲ့ကြောင်း
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ
အရေအတွက်သည် ယမန်နှစ် အလားတူကာလက ဝင်ရောက်ခဲ့သည့် နိုင်ငံခြားခရီးသွား ၈၀၉၅၉၇ ဦးထက်
ပိုမိုများပြားလာခြင်းဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့
လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားများအနက် အများစုသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့မှ
ဖြစ်ကြောင်း ထိုဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသို့
၂၀၂၅ ခုနှစ်အတွင်း နိုင်ငံခြားခရီးသွား စုစုပေါင်း ၉၇၃၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း
၎င်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments