ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန်မိသားစု)၏ (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ရန်ကုန် နိုဝင်ဘာ ၁၇
ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန်မိသားစု)၏ (၂၆)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်
ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင်ရွှေ တိဂုံဘုရားအရှေ့ဘက်မုခ်ရှိ
ပြန်ကြားရေးဝန်ကြီးဌာန ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ အခမ်းအနားတက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍
အခမ်းအနားဖွင့်လှစ်ပြီး နန်းဦးပရဟိတကျောင်းတိုက် ဆရာတော် ဦးဇောတိကမှ သီလပေးတရား
ချီးမြှင့်သည်။
ဆက်လက်၍ တာဝန်ရှိသူများက ဆရာတော် ဦးဇောတိကနှင့်
သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြပြီး နန်းဦးပရဟိတကျောင်းတိုက်
ဆရာတော် ဦးဇောတိကမှ လှူဒါန်းမှုအစုစုအတွက် ရေစက်ချတရားတော် ချီးမြှင့်၍ အခမ်းအနားကို
ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ ရုပ်သိမ်းခဲ့သည်။
ယနေ့ကျင်းပသည့် ပြန်ကြားရေးဝန်ကြီးဌာန (ရန်ကုန်မိသားစု)၏ (၂၆)ကြိမ်မြောက်
စုပေါင်းမဟာဘုံကထိန် ဆက်ကပ်လှူဒါန်းပွဲတွင် ပြန်ကြားရေးဝန်ကြီးရုံး၊ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊
မီဒီယာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းတို့က စုစုပေါင်းလှူဒါန်းငွေကျပ်
(၇,၁၆၀,၀၀၀) ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)

No comments