အသင့်စားအစားအစာများက စိတ်ကျန်းမာရေးနှင့် သိမြင်နိုင်စွမ်းကို ထိခိုက်စေနိုင်ဟုဆို



ကန်ဘာရာ နိုဝင်ဘာ ၁၈

 

အာဟာရတန်ဖိုးနည်းပါးသည့် အသင့်စားအစားအစာများနှင့် သကြားပါသည့် အချိုရည်များ အလွန်အကျွံစားသုံးခြင်းကြောင့် ဩစတြေးလျနိုင်ငံရှိ ဆယ်ကျော်သက်များနှင့် ကလေးများ၏ စိတ်ကျန်းမာရေး၊ သိမြင်တွေးခေါ်မှုဆိုင်ရာ စွမ်းဆောင်ရည်နှင့် ပညာရေးဆိုင်ရာရလဒ်များ ပိုမိုညံ့ဖျင်းလာခြင်းတို့ ဆက်စပ်နေကြောင်း လေ့လာမှုအသစ်အရ သိရသည်။

 

 ဩစတြေးလျနိုင်ငံတစ်ဝန်း လေ့လာမှု ၁၇ ခုကို စနစ်တကျ လေ့လာသုံးသပ်ပြီးနောက် ဆယ်ကျော်သက်အရွယ်နှင့် ကလေးအရွယ်တွင် ကျန်းမာရေးနှင့်မညီညွတ်သည့် အစားအသောက်များ စားသုံးခြင်းကြောင့် ရေရှည်ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း မီးမောင်းထိုးပြလျက်ရှိသည်ဟု ဩစတြေးလျနိုင်ငံ ဖလင်းဒါးတက္ကသိုလ်၏ နိုဝင်ဘာ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

 

 Current Nutrition Reports ဂျာနယ်တွင် မကြာသေးမီက ဖော်ပြခဲ့သည့် ဖော်ပြချက်အရ အာဟာရဓာတ်နည်းပါးသည့် အစားအစာများ၊ သကြားဓာတ်များသည့် အချိုရည်များ အလွန်အကျွံစားသုံးခြင်းသည် လူငယ်များ၏ စိတ်ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်မှုနှင့် ပညာရေးဆိုင်ရာ ရလဒ်များအပေါ် ဆိုးကျိုးများနှင့် ဆက်စပ်နေကြောင်း တွေ့ရှိခဲ့သည်။ ဆန့်ကျင်ဘက်အားဖြင့် ကျန်းမာရေးနှင့်ညီညွတ်သည့် သစ်သီးဝလံများ၊ ပဲနှင့် နို့ထွက်ပစ္စည်းများ၊ ပင်လယ်စာများ ညီညွတ်မျှတစွာ စားသုံးခြင်းဖြင့် ကလေးများ ကြီးထွားဖွံ့ဖြိုးရာတွင် လိုအပ်သည့် ဗီတာမင်နှင့် သတ္တုဓာတ်များကို ထောက်ပံ့ပေးနိုင်သည်ဟု လေ့လာမှုတွင် ဖော်ပြထားသည်။

 

ဆင်ဟွာ

No comments

Powered by Blogger.