ဖလမ်းမြို့ မြို့နယ်သမဝါယမဦးစီးဌာန နှစ်ခန်းတွဲ နှစ်ထပ် ဝန်ထမ်းအိမ်ရာပြုပြင်မှု ရာနှုန်းပြည့်ပြီးစီး
ဖလမ်း နိုဝင်ဘာ ၁၈
ချင်းပြည်နယ် ဖလမ်းမြို့ မြို့နယ်သမဝါယမဦးစီးဌာန
နှစ်ခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာ ပြုပြင်မှု ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှုနှင့်
ဝန်ထမ်းမိသားစုများ နေထိုင်မှုအခြေအနေကို ယနေ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဗိုလ်ချုပ်ကျော်ကျော်ဟန်သည် ချင်းပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ချင်းပြည်နယ်အတွင်း
ပြန်လည် ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းကော်မတီဝင်များနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ထို့အတူ မြို့နယ်သမဝါယမဦးစီးဌာန ရုံးအဆောက်အအုံ
ပြုပြင်ပြီးစီးမှုနှင့် ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
အလားတူ စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက
ရုံးဝင်းအတွင်း ပြန်လည်ပြုပြင်ပြီးစီးသည့် ကားဂိုဒေါင်ကို ယာယီရုံး ဖွင့်လှစ်ထားရှိကာ
ရုံးလုပ်ငန်း ဆောင်ရွက်နေမှု၊ အလုံးစုံ ပျက်စီးသွားသည့် ရုံးအဆောက်အအုံနှင့် ပြန်လည်ပြုပြင်ပြီးစီးသည့်
ခရိုင်ဦးစီးမှူး နေအိမ်ကိုလည်းကောင်း၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဖလမ်းခရိုင်ရုံး
တစ်စိတ်တစ်ပိုင်း ပြုပြင်ခြင်းနှင့် မြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်
ဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းများ ရုံးလုပ်ငန်းဆောင်ရွက်မှု အခြေအနေကို လည်းကောင်း၊
ခရိုင် သစ်တောဦးစီးဌာနမှူးရုံး အဆောက်အအုံ ပြုပြင်နေမှု၊ ခရိုင်မှူးနေအိမ်နှင့် ဝန်ထမ်းအိမ်ရာများ
ပြန်လည်ပြုပြင်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာတွင် ဝန်ထမ်းများ နေထိုင်နေမှုနှင့် ပျိုးဥယျာဉ်တွင်
ချယ်ရီ၊ ရေပိတောက်၊ စိန်ပန်း စသည့် ပျိုးပင်ပေါင်း ၅၀၀၀ ပျိုးထောင်ထားမှုကိုလည်းကောင်း
ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဆယ်တင်ပစ္စည်းများ
အလေအလွင့်မရှိစေရေး စနစ်တကျ သိမ်းဆည်းထားရှိရန်၊ အဆောက်အအုံပတ်ဝန်းကျင် သန့်ရှင်းရေးနှင့်
ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments