၂၀၂၆ ခုနှစ် ဆောင်းရာသီလူထုလှုပ်ရှားမှု အားကစားပြိုင်ပွဲအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
ကသာ နိုဝင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး
ကသာမြို့တွင် ၂၀၂၆ ခုနှစ် ဆောင်းရာသီ လူထုလှုပ်ရှားမှုအားကစားပြိုင်ပွဲအဖြစ် ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက ဧရာရွှေလီခန်းမ၌ ကျင်းပသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်ကျော်က အမှာစကားပြောကြားပြီး
ပြိုင်ပွဲကျင်းပရေးကော်မတီ၊ ဒိုင်အဖွဲ့ ဦးကျော်ကျော်ဦးက ပြိုင်ပွဲစည်းကမ်းချက်များနှင့်ပတ်သက်၍
ရှင်းလင်းပြောကြားသည်။ ကသာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများမှ ပိုက်ကျော်ခြင်းအသင်း ၁၆
သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အုပ်စုပတ်လည် အားကစားပြိုင်ပွဲတွင် B-W အားကစားအသင်း နှင့် ပန်းပဲကုန်းအားကစားအသင်းတို့
ယှဉ်ပြိုင်ကြရာ ပန်းပဲကုန်းအားကစားအသင်းက B-W အားကစားအသင်းကို
အနိုင်ရရှိခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments