အယ်လ်နီညိုဖြစ်စဉ်၏ သက်ရောက်မှုများကို ကိုင်တွယ်ရန် ဘိုလီဗီးယားနိုင်ငံ၌ အရေးပေါ်အခြေအနေကြေညာ
လီမာ နိုဝင်ဘာ ၁
အယ်လ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့်
ဖြစ်ပေါ်လာနိုင်သည့် သက်ရောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဘိုလီဗီးယားသမ္မတ ရိုဒရီဂိုပါ့ဇ်က နိုင်ငံတစ်ဝန်းအရေးပေါ်အခြေအနေကြေညာသည့် အမိန့်တစ်ရပ်ကို ယမန်နေ့က လက်မှတ်ရေးထိုးခဲ့ကြောင်း
သိရသည်။
နိုင်ငံ၏ ဒေသအများအပြားတွင်
ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် လာမည့်လများအတွင်း
ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သမ္မတပါ့ဇ်က ပြောကြားခဲ့သည်။
ယင်းအစီအမံသည် ငွေကြေးနှင့်
လူ့စွမ်းအားအရင်းအမြစ်များကို စုစည်းအသုံးချနိုင်ရန်၊ အစိုးရဌာနများအကြား ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် ဘေးဒဏ်သင့်မိသားစုများကို ကူညီထောက်ပံ့နိုင်ရေးအတွက်
နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ရှာဖွေရန် ရည်ရွယ်ကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် ရာသီဥတုဆိုင်ရာ
သဘာဝဘေးအန္တရာယ်များကြောင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်းမှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှုများကို လျှော့ချရန်လည်း ရည်ရွယ်ထား ကြောင်း သိရသည်။
လက်ရှိတွင် ဘိုလီဗီးယား နိုင်ငံ၌ ဒေသခံလူမှုအသိုက်အဝန်း
၆၃ ခုသည် မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရပြီး မွေးမြူရေးကဏ္ဍ တွင်လည်း တိရစ္ဆာန်အစာ
ရှားပါးမှုပြဿနာနှင့် ရင်ဆိုင်နေရကြောင်း သမ္မတပါ့ဇ်က ပြောကြား ခဲ့သည်။
နိုင်ငံ၏ ပြည်နယ်ကိုးခုအနက်
ပြည်နယ်ခြောက်ခုရှိ မိသားစု ၈၀၀၀၀ နီးပါးသည် ရေပြတ်လပ်မှုဒဏ်ကို ခံစားခဲ့ရပြီး မိုးခေါင်ရေရှား
မှုကြောင့် မွေးမြူရေးတိရစ္ဆာန် ကောင်ရေ ၇၅၀၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
အယ်လ်နီညိုသည် အီကွေတာ
ပစိဖိတ်သမုဒ္ဒရာ၏ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများရှိ ပင်လယ်ရေမျက်နှာ ပြင်
အပူချိန် ပုံမှန်ထက်မြင့်တက်လာသည့် ရာသီဥတုဖြစ်စဉ်တစ်ခုဖြစ်ပြီး ကမ္ဘာ့ဒေသအများအပြားတွင်
ပုံမှန်မဟုတ်သော ရာသီဥတုပြောင်းလဲမှုများကို ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
ဆင်ဟွာ

No comments