နေပြည်တော် အာကာသဆိုင်ရာ ပန်းချီ/ကာတွန်း/ပိုစတာပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၁၃
နေပြည်တော် ကောင်စီနှင့် မြန်မာအာကာသ အေဂျင်စီတို့ ကြီးမှူးကျင်းပသည့် အခြေခံပညာ အဆင့် အာကာသဆိုင်ရာ ပန်းချီ/ ကာတွန်း/ပိုစတာ ပြိုင်ပွဲနှင့် အာကာသ နည်းပညာဆိုင်ရာ ပြခန်းများကို အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁) (MICC-1) ၌ နိုဝင်ဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပခဲ့ပြီး ယနေ့နံနက်ပိုင်း တွင် ဆုချီးမြှင့်ပွဲကို ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ မြန်မာ အာကာသအေဂျင်စီ အမှုဆောင် အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင် နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြား ထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အခြေခံပညာအဆင့် အာကာသဆိုင်ရာ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ မှတ်တမ်းဗီဒီယို ကလစ်ကိုပြသပြီး အထက(၅) ပျဉ်းမနား ကျောင်းသူများက အလှကမ္ဘာမြေသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ကြသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဥက္ကဋ္ဌက အမှာစကား ပြောကြားပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အခြေခံပညာ မူလတန်းအဆင့် (ပိုစတာ)၊ (ကာတွန်း)၊ (ပန်းချီ)အထူးဆု၊ အခြေခံပညာအလယ် တန်းအဆင့်(ပိုစတာ)၊ (ကာတွန်း)၊ (ပန်းချီ)အထူးဆု၊ အခြေခံပညာ အထက်တန်းအဆင့် (ပိုစတာ)၊ (ကာတွန်း)၊ (ပန်းချီ)အထူးဆု၊ အခြေခံပညာ မူလတန်းအဆင့် (ပိုစတာ)၊ (ကာတွန်း)၊ (ပန်းချီ) ပထမ၊ ဒုတိယ၊ တတိယ၊ အခြေခံ ပညာ အလယ်တန်းအဆင့် (ပိုစတာ) (ကာတွန်း) (ပန်းချီ) ပထမ၊ ဒုတိယ၊ တတိယ၊ အခြေခံပညာ အထက်တန်းအဆင့် (ပိုစတာ)၊ (ကာတွန်း)၊ (ပန်းချီ) ပထမ၊ ဒုတိယ၊ တတိယဆုများကို နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးကံမြင့်သန်းနှင့် တာဝန်ရှိသူများ က ဆုများပေးအပ်ချီးမြှင့်ကြသည်။
ထို့ပြင် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌသည် အကဲဖြတ်ဒိုင်အဖွဲ့အား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပြီး အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကူညီ ထောက်ပံ့ပေးခဲ့ကြသည့် အဖွဲ့ အစည်းများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးအပ်ကာ ဆုရရှိခဲ့ သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ များကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)

No comments