မလေးရှားနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း လက်ထပ်မှုနှင့် ကွာရှင်းမှုနှုန်း ကျဆင်း
နိုဝင်ဘာ
၂၀
မလေးရှားနိုင်ငံတွင်
၂၀၂၅ ခုနှစ်အတွင်း လက်ထပ်မှုနှင့် ကွာရှင်းမှု အရေအတွက်နှစ်ခုစလုံး ကျဆင်းခဲ့ကြောင်း
ယမန်နေ့က ထုတ်ပြန်သည့် တရားဝင်စာရင်းအင်းအချက်အလက်များအရ သိရသည်။
ယမန်နှစ်နှင့်
နှိုင်းယှဉ်ပါက လက်ထပ်မှုအရေအတွက် ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် ကွာရှင်းမှုအရေအတွက်
၀ ဒသမ ၅ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ခြင်းဖြစ်သည်။
မလေးရှားနိုင်ငံ၏
၂၀၂၅ ခုနှစ်အတွင်း လက်ထပ်မှုအရေအတွက် ၁၉၁၀၈၉ ခုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ၁၉၂၅၄၅ ခုထက်
လျော့နည်းခဲ့ကြောင်း မလေးရှားစာရင်းအင်းဦးစီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့ရာတွင်
လူဦးရေ ၁၀၀၀ လျှင် လက်ထပ်မှုနှုန်း ၅ ဒသမ ၇
ခုအဖြစ် မပြောင်းလဲဘဲ တည်ငြိမ်နေခဲ့သည်။
အလားတူ
၂၀၂၅ ခုနှစ်အတွင်း ကွာရှင်းမှုအရေအတွက် ၆၀၄၁၆ ခုရှိခဲ့ပြီး ၂၀၂၄ ခုနှစ်က ၆၀၆၉၇ ခုထက်
လျော့နည်းခဲ့သည်။ ကွာရှင်းမှုအရေအတွက် ကျဆင်းခဲ့သော်လည်း လူဦးရေ ၁၀၀၀ လျှင် ကွာရှင်းမှုနှုန်း
၁ ဒသမ ၈ ခုအဖြစ် မပြောင်းလဲပဲရှိကြောင်း သိရသည်။
စာရင်းအင်းအချက်အလက်များအရ
အသက် ၃၀ နှစ်မှ ၃၄ နှစ်အတွင်းရှိသူ အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံးသည် ကွာရှင်းမှုအများဆုံး
စံချိန်တင်ခဲ့သည့် အသက်အုပ်စုဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments