ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီးသို့ ကျောင်းသား ကျောင်းသူများ သွားရောက်လေ့လာဖူးမြော်
ရန်ကုန် နိုဝင်ဘာ
၂၂
ရန်ကုန်တိုင်းဒေသကြီး
မရမ်းကုန်းမြို့နယ် ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ်အဖြစ် ဗုဒ္ဓသာသနာတော်ဆိုင်ရာ
သမိုင်းဝင်အမွေအနှစ်များကို ပြသထားသည့် ပြကွက်နှင့် ပြခန်းများအား ယနေ့နံနက်ပိုင်းတွင်
ဗိုလ်တထောင်မြို့နယ် အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများ
သွားရောက်လေ့လာဖူးမြော်ကြသည်။
ဦးစွာ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်မှ
လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်းညိုက ကျောင်းသားကျောင်းသူများအား လိုဏ်ဂူသိမ်တော်ကြီး၏သမိုင်းကြောင်း၊
ဗုဒ္ဓသာသနာတော်ဆိုင်ရာ သမိုင်းဝင်အမွေအနှစ်များ၊ ဆဋ္ဌသင်္ဂါယနာတင်ပွဲ၏ သမိုင်းကြောင်းနှင့်
ဆက်စပ်သည့် ပြခန်းများ၊ ပြကွက်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ခင်ဝင်း(ပြန်/ဆက်)

No comments