ရေကြည်မြို့နယ်၌ လိုင်စင်ရတံဆိပ်ခေါင်းရောင်းချသူများအား ပညာပေးဆွေးနွေး

 


ရေကြည် နိုဝင်ဘာ ၁၈

 

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ် အခွန်ဦးစီးဌာနမှူးရုံး၌ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်း ခန့်အပ်ထားသည့်လိုင်စင်ရ တံဆိပ်ခေါင်းရောင်းချသူများအား ပညာပေး‌ဆွေးနွေးသည်။

 

အဆိုပါ ဆွေးနွေးပွဲတွင် မြို့နယ်အခွန်ဦးစီးဌာနမှူးက မြို့နယ်အတွင်း ခန့်အပ်ထားသည့် အက်ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ရုံးခွန်နှင့် အခွန်တံဆိပ်ခေါင်းများ ရောင်းချခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ရေး၊ ရောင်းချရာတွင် သတ်မှတ်နှုန်းထားအတိုင်း မှန်ကန်စွာ ရောင်းချရေး၊ စာရင်းဇယားများ စနစ်တကျ ထားရှိရေးနှင့် သတ်မှတ်စည်းကမ်းချက်များကို တိကျစွာ လိုက်နာဆောင်ရွက်ရေးတို့ကို ပညာပေးဆွေးနွေးသည်။

 

ထို့နောက် တက်ရောက်လာကြသည့် လိုင်စင်ရတံဆိပ်ခေါင်း ရောင်းချသူများက သိလိုသည့် လုပ်ငန်းပိုင်းဆိုင်ရာများကို မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အောင်သူဟန်(ပြန်/ဆက်)

No comments

Powered by Blogger.