M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲတွင် ရန်ကုန်စီးတီးနှင့် Chinland အသင်း အနိုင်ရ
ရန်ကုန် နိုဝင်ဘာ ၉
၂၀၂၆ M-League ယူ-၂၀ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်
(၂၃) တတိယနေ့ကို နိုဝင်ဘာ
၉ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်စီးတီးနှင့် Chinland အသင်း အနိုင်ရခဲ့သည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်စီးတီးအသင်းက
ဟံသာဝတီ ယူနိုက်တက်အသင်းကို လေးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။ ရှမ်းယူနိုက်တက်ကို
အနိုင်ရပြီးနောက် ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန် အခြေအနေကောင်းလာသည့် ရန်ကုန်စီးတီးအသင်းသည်
ယခုပွဲတွင်လည်း နိုင်ပွဲထပ်မံရယူနိုင်ခဲ့သည်။ ရန်ကုန်စီးတီးအသင်းအတွက် အနိုင်ဂိုးများကို
၄၊ ၂၇ မိနစ်တွင် ထက်အာကာဝင်း၊ ၃၇ မိနစ်တွင် ရဲခန့်အောင်၊ ၇၃ မိနစ်တွင် မင်းဘုန်းခန့်တို့က
သွင်းယူသည်။
ဗဟန်းကွင်း၌ ကျင်းပသည့်ပွဲတွင် Chinland အသင်းက
Falcon အသင်းကို သုံးဂိုး - နှစ်ဂိုးဖြင့် အနိုင်ရရှိသည်။
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင် အသင်းဖြစ်သော
Falcon အသင်း မထင်မှတ်သည့်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရပြီး ဇယားအောက်ဆုံးမှ
Chinland အသင်း ဒုတိယမြောက်နိုင်ပွဲ ရယူနိုင်ခဲ့သည်။ Chinland အသင်းအတွက် ဂိုးများကို
၂၁၊ ၄၇ မိနစ်တွင် လွန်ယာဂင်၊ ၃၉ မိနစ်တွင် ပြည့်စုံမင်းတို့က သွင်းယူပြီး Falcon အသင်းအတွက်
ဂိုးများကို ၁၁ မိနစ် တွင် စိုင်းမြတ်မင်း၊ ၃၇ မိနစ်တွင် ဟန်ထူးလွင်တို့က သွင်းယူသည်။
ပွဲစဉ်(၂၃) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၁၀ ရက်တွင်
ဗဟန်းကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MLeague

No comments