MFF ယူ-၁၆ လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲတွင် SGF Youth အသင်း ဆက်လက်ဦးဆောင်

 


ရန်ကုန်     နိုဝင်ဘာ     ၁၅

MFF ယူ-၁၆ လူငယ်ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၀)ကို နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းရှိ MFF ဖူဆယ်အားကစားရုံ၌ ဆက်လက်ကျင်းပရာ SGF Youth အသင်း ဆက်လက်ဦးဆောင်နေသည်။

ယခုတစ်ပတ်တွင် ဇယားထိပ်ဆုံး၌ ဦးဆောင်နေသည့် SGF Youth အသင်းသည် ဇယားထိပ်ပိုင်းမှ FFU မင်းမဟော်အသင်းနှင့် တွေ့ဆုံခဲ့ပြီး ဂိုးပြတ်အနိုင်ယူခဲ့သဖြင့် ချန်ပီယံဆုအတွက် အခြေအနေ ကောင်းသွားသည်။ ဒုတိယနေရာမှ Victoria အသင်းမှာလည်း နိုင်ပွဲရယူပြီး ထိပ်ဆုံးမှ SGF Youth အသင်းကို သုံးမှတ်အကွာဖြင့် ဆက်လက်ဖိအားပေးလျက်ရှိသည်။ ပွဲစဉ်(၂၀)တွင် ဘူရှီဒိုအသင်းက မာရိန်းအသင်းကို လေးဂိုး - သုံးဂိုး၊ Victoria အသင်းက ရွှေပြည်သာယူနိုက်တက်အသင်းကို ၁၂ ဂိုး - နှစ်ဂိုး၊ Pacific Sun Far အသင်းက United City အသင်းကို ငါးဂိုး  - တစ်ဂိုး၊ Mahar Burma အသင်းက TKA Stars အသင်းကို ခြောက်ဂိုး - တစ်ဂိုး၊ Avengers Junior အသင်းက Jullniss အသင်းကို ခုနစ်ဂိုး - သုံးဂိုး၊ SGF Youth အသင်းက FFU မင်းမဟော်အသင်းကို ငါးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိသည်။

ပွဲစဉ်(၂၀) အပြီးတွင် SGF Youth အသင်းက ၅၃ မှတ်၊  Victoria အသင်းက ရမှတ် ၅၀၊  Pacific Sun Far အသင်းက ၄၁ မှတ်၊  Mahar Burma အသင်းက ရမှတ် ၄၀၊ FFU မင်းမဟော်အသင်းက ၃၈ မှတ်၊  Avengers Junior အသင်းက ရမှတ် ၃၀၊ United City အသင်းက ၂၈ မှတ်၊  Jullniss အသင်းက ၂၄ မှတ်၊ TKA Star  အသင်းက ၁၉ မှတ်၊ ဘူရှီဒိုအသင်းက ၁၃ မှတ်၊ ရွှေပြည်သာယူနိုက်တက်အသင်းက ခုနစ်မှတ်၊  မာရိန်းအသင်းက ငါးမှတ်ရရှိထားသည်။

သတင်း - ရှိုင်းထက်ဇော်

ဓာတ်ပုံ - MFF

No comments

Powered by Blogger.