ကမ္ဘာ့ကျောက်မျက် A to Z
ကမ္ဘာပေါ်ရှိ ကျောက်မျက်တန်းဝင် ကျောက်အမျိုးအစားအားလုံးကို
တစုတစည်းတည်းတင်ပြခြင်း
ဆရာကျောက်ရိုင်း(ဘူမိ)၏ ကမ္ဘာ့ကျောက်မျက်
A to Z စာအုပ်မှာ အောက်တိုဘာလက ဒုတိယအကြိမ် ထွက်ရှိလာသည်။
စာအုပ်တွင် ကမ္ဘာ့ကျောက်မျက် A to
Z နှင့်ပတ်သက်ပြီး ကမ္ဘာ့ ကျောက်မျက်များ အက္ခရာစဉ်အညွှန်း A အက္ခရာမှ အချရိုက်(Achrite)၊
အက်ခရိုအိုက်(Achroite)၊ အက်တီနိုလိုက်(Actinolite)၊ အဂိတ်(Agate)၊ ပယင်း(Amber)နှင့်
B အက္ခရာမှ ဘာဟိန်းအမ်မသစ်(Bahaim Amethyst)၊ ဘာလက်ရူဘီ(Balas Ruby)၊ ဘာရိုက်(Barite)
စသည့် ကျောက်များအပါအဝင် အက္ခရာစဉ်အလိုက် ကျောက်အမျိုးအစားများကို သိရှိလေ့လာ မှတ်သားနိုင်စေရန်
ရေးသားပြုစုထားသည်။
စာအုပ်ကို Wisdom House စာအုပ်တိုက်
အဝေရာလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့မှ ထုတ်ဝေထားခြင်းဖြစ်ပြီး
တန်ဖိုးငွေကျပ် ၃၀၀၀၀ ဖြင့်ဖြန့်ချိသည်။
ကြေးမုံ

No comments