နတ်မောက်မြို့နယ်၌ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေး

 


နတ်မောက် နိုဝင်ဘာ ၈

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ထနောင်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရှိ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားအခွင့်အရေးနှင့် သက်သေခံအထောက်အထားများ ရရှိစေရန်အတွက် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်မောက်မြို့နယ် ဦးစီးမှူးရုံး၌ ဆောင်ရွက်ပေးခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နတ်မောက်မြို့နယ်ရုံး ဦးစီးအရာရှိ ဦးညီညီလွင်က ကြီးကြပ်ဆောင်ရွက်ပြီး ရုံးဝန်ထမ်းများက ကျောင်းသား ကျောင်းသူများအား နိုင်ငံသားကတ်ထုတ်ပေးရေးလုပ်ငန်းစဉ် အဆင့်ဆင့်နှင့် နိုင်ငံသားစိစစ်ရေးကတ်ရှိပြီးသူများအား e-ID စနစ်ဖြင့် UID ကောက်ယူခြင်းကို နေချင်းပြီးဆောင်ရွက်ခဲ့ရာ အထက(ခွဲ)ထနောင်းကုန်းကျောင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသည့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၇၃ ဦးတို့အား နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

လှဝင်း(နတ်မောက်)

No comments

Powered by Blogger.