ချီလီနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအလုံးရေ ၂၂ သန်းကျော် အသုံးပြုပြီးဖြစ်
ဆန်တီယာဂို ဇွန် ၂၆
ချီလီနိုင်ငံ၌ နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှုအစီအစဉ်အောက်တွင်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၂ သန်းကျော်အသုံးပြုပြီးဖြစ်ကြောင်းနှင့်
ယင်းကာကွယ်ဆေးပမာဏသည် ချီလီနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံ ပေးမည့် အရေအတွက်၏
၆၆ ရာခိုင်နှုန်းကျော်ရှိကြောင်း ချီလီနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
ချီလီနိုင်ငံသည် လူဦးရေ ၁၅ သန်းခန့်အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးနိုင်ရန်
ရည်ရွယ်ထားပြီး အဆိုပါလူဦးရေသည် နိုင်ငံလူဦးရေ၏
၈၀ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ လက်ရှိတွင် ချီလီနိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး
အလုံးရေ ၂၂၁၁၆၈၆ လုံးအသုံးပြုပြီးဖြစ်ကြောင်းလည်း ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီး အင်းနရစ်ပဲရစ်က
ပြောကြားသည်။
လက်ရှိတွင် ချီလီနိုင်ငံ၌ လူဦးရေ ၁၅သန်းအနက် မှ ၈၁ ဒသမ
၄၉ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့်
၆၆ ဒသမ ၅၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးနှစ်ကြိမ်စလုံး ထိုးနှံပြီးဖြစ်ကြောင်း
သိရသည်။
ချီလီနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၅၆၂၈ ဦးရှိခြင်းကြောင့်
နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၅၃၇၄၇၁ ဦးရှိလာကြောင်းနှင့်
ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ ၂၁၅ ဦးထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်
သေဆုံးသူ စုစုပေါင်း ၃၂၀၁၂ ဦးရှိလာကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ ဘာသာပြန် - အလင်းသစ်

No comments