ထားဝယ်မြို့တွင်၂၀၂၁ ခုနှစ်၊မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
ထားဝယ် ၁၃
ဇွန်
၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်
၉ နာရီ က ထားဝယ်မြို့၊ တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချူပ်ရေးကောင်စီအိမ်ရာဝင်းအတွင်း၌
ကျင်းပခဲ့သည်။
ထို့နောက် တနင်္သာရီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဦးတင်အောင်
၊ တိုင်းဒေသကြီးတရား လွှတ်တော် တရားသူကြီးချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများ
၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ
ဒေါ်သီသီစိုးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များတို့က
သစ်ပင်ပျိုးပင် ( မဟောဂနီ၊ စိန်ပန်း၊ ကညင်၊ ခရေ၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ သစ်ရှိုး၊
တမလန်၊ ငုဝါ၊ ကံ့ကော်ပင်) စုစုပေါင်းပျိုး
ပင်(၁၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်တောသစ်ပင်ကျေးဇူးရှင်ထိန်းသိမ်းကြစို့ထာဝစဉ်၊ ရှင်အောင်စိုက်ပျိုးကြီးအောင်ပြုစုမြဲအောင်ထိန်းသိမ်း
၊ ကြီးမြန်သစ်ပင်စိုက်ပျိုးလျှင်စွမ်းအင်လည်းရပြန်လည်းလှ၊ နှစ် ၂၀
တဝိုက်အချိန်ကိုက် တို့စိုက်ခဲ့လျှင် အကောင်းဆုံးပင်၊ အခုချိန်စိုက်နောက်မကျ
ဒုတိယအကြိမ်အကောင်းဆုံးပ စသည့် ဆောင်ပုဒ်များနှင့်အညီ စုပေါင်းသစ်ပင်ပျိုးပင်များ စိုက်ပျိုးရခြင်းဖြစ်ကြောင်း
သိရသည်။
(တိုင်းဒေသကြီးပြန်/ဆက်)
No comments