နောင်ချိုမြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
နောင်ချို ၁၃ ဇွန်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍
ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့်
အကောင်အထည်ဖော်ဆောင်ရွက်သော ညောင်ပင်သာကျေးရွာစက်ရေတွင်းတူးဖော်ခြင်းနှင့်
နမ့်ဆောင်ဟူးကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်နေမှုအခြေအနေများကို
ဇွန်လ ၁၂ ရက် နံနက်ပိုင်းက တာဝန် ရှိသူများကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ချုပ်
ဦးမောင်ဝင်းနှင့် ညွှန်ကြားရေးမှူး ဒေါက်တာဇာနည်မင်းတို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပြည်နယ်ဦးစီးမှူး ဦးကြည်စောနှင့် သက်ဆိုင်ရာခရိုင်၊ မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ
နောင်ချိုမြို့နယ်၊ညောင်ပင်သာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP)ဖြင့်
စက်ရေတွင်းတူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများကိုလည်းကောင်း၊ နမ့်ဆောင်ဟူကျေးရွာ၌
မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေအကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများနှင့်အဆိုပါကျေးရွာ၌
မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့်ဆောင်ရွက်သည့်
မီးလင်းရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညောင်ပင်သာကျေးရွာတွင်
၂၀၂၀-၂၀၂၁
ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (VDP) ထောက်ပံရန်ပုံငွေကျပ်သိန်း(၁၀၀)၊
ပြည်သူထည့်ဝင်ငွေကျပ်(၁၅)သိန်းတို့ဖြင့် စက်ရေတွင်း တူးဖော်ခြင်းနှင့်ဆက်စပ်လုပ်ငန်းများ၊
အိမ်တိုင်ရာရောက်ရေမီတာသွယ်တန်းခြင်း လုပ်ငန်းများကိုလည်းကောင်း၊
နမ့်ဆောင်ဟူးကျေးရွာတွင် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်မှ စတင်၍
မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်း မပျောက် လည်ပတ်ရန်ပုံငွေကျပ်သိန်း(၃၀၀)ဖြင့်
စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ စီမံကိန်းအတိုးရငွေ၏ (၅၀) ရာခိုင်နှုန်းဖြစ်သော
ခွင့်ပြုရန်ပုံငွေကျပ်(၁၉၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ(၂၆၅) သိန်းတို့ဖြင့်
ကျေးရွာတွင်းလျှပ်စစ်မီး ပေ ၄၀၀၀ သွယ်တန်း လုပ်ငန်းများ ကိုအကောင်အထည်ဖော်ဆောင် ရွက်ပေးလျက်ရှိပါကြောင်း
သိရသည်။
စိုးမိုးကျော်

No comments