အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၀၉၅ ဦး စံချိန်တင်တွေ့ရှိ
ဂျကာတာ ဇွန် ၂၆
အင်ဒိုနီးရှားနိုင်ငံ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉
ရောဂါ ကူးစက်ခံရသူ ၂၁၀၉၅ ဦး တွေ့ရှိခဲ့ပြီးနောက် အဆိုပါရောဂါ ကူးစက်ခံရသူပေါင်း ၂၀၉၃၉၆၂
ဦးရှိလာကြောင်း အင်ဒိုနီးရှားကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ပြောကြားသည်။
အလားတူ ကိုဗစ်-၁၉ ရောဂါဖြင့် တစ်ရက် အတွင်း ၃၅၈ ဦး ထပ်မံသေဆုံးခဲ့ရာ
လက်ရှိ အချိန်အထိ ထိုရောဂါဖြင့် သေဆုံးသူပေါင်း ၅၆၇၂၉ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက
ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ သိရသည်။
ထို့အပြင် အင်ဒိုနီးရှားနိုင်ငံ၌ တစ်ရက်တာအတွင်း ကိုဗစ်-၁၉
ရောဂါ ကူးစက်ခံရသူ ၇၃၉၆ ဦး ရောဂါကင်းစင်ပြီး ဆေးရုံများမှ ပြန်ဆင်းခဲ့ရာ ကိုဗစ်-၁၉
ရောဂါမှ ပြန်လည် ကျန်းမာလာသူပေါင်း ၁၈၄၂၄၅၇ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ အချက်အလက်များအရ
သိရသည်။
ယခုအခါ ကိုဗစ်-၁၉ ရောဂါသည် အင်ဒိုနီးရှား နိုင်ငံအတွင်း၌
ပြည်နယ်နှင့် ဒေသပေါင်း ၃၄ ခုသို့ ကူးစက်ပျံ့နှံ့သွားပြီး အထူးသဖြင့် မြို့တော်ဂျကာတာ
တွင် ၉၂၇၁ ဦး၊ အနောက်ဂျာဗားတွင် ၃၇၈၇ ဦး၊ အလယ်ဂျာဗားတွင် ၂၃၀၅ ဦး၊ အရှေ့ ဂျာဗားတွင်
၉၈၉ ဦးနှင့် ယိုဂျာကာတာတွင် ၇၈၂ ဦး စသည်ဖြင့် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်-၁၉
ရောဂါ အသီးသီးကူးစက်ခံခဲ့ရကြောင်း သိရသည်။ ။
ကိုးကား- ဆင်ဟွာ ဘာသာပြန်- ဂျေတီ

No comments