ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍ ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကျင်းပ
ဘားအံ ၁၃ ဇွန်
ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှကြီးမှူး၍
၂၀၂၁ ခုနှစ် ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ဇွန်လ ၁၂
ရက် မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့ အောင်သံလွင်အားကစားကွင်း၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးစောမြင့်ဦးက
အမှာစကားပြောကြား၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ သည်။ အဆိုပါဘောလုံးပြိုင်ပွဲကို ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘောလုံးအသင်း၊
ကရင်အမျိုးသား အစည်းအရုံး (KNU) ဘောလုံးအသင်း၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)ဘောလုံးအသင်း၊
ကရင်ပြည်နယ် နယ်ခြားစောင့် တပ်(BGF)ဘောလုံးအသင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ
(KNU/ KNLA- PC) ဘောလုံးအသင်း စုစုပေါင်းအသင်း(၅)သင်းမှ အသက်(၄၅)နှစ်အထက် အားကစားသမား
၁၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားသွားကြမည်ဖြစ်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ဇွန်လ ၁၂ ရက်မှ
၂၁ ရက်အထိ ပွဲစဉ်ပေါင်း ၁၀ ပွဲ ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်သည်။
ထို့နောက်
အဖွင့်ပွဲစဉ်အဖြစ် ကရင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘောလုံးအသင်းနှင့် ကရင်ပြည်နယ်
နယ်ခြားစောင့် တပ်(BGF)ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဘောလုံးအသင်း
က နယ်ခြားစောင့်တပ်(BGF) ဘောလုံးအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း
သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)

No comments