မင်းဘူးမြို့တွင် နှာခေါင်းစည်းတပ်ဆင်ရေး Mask Campaign ဆောင်ရွက်
မင်းဘူး ဇွန် ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမှ ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှု အနေဖြင့် Mask Campaign ကို ယနေ့နံနက် ၈ နာရီက မင်းဘူးမြို့ရှိဈေးများနှင့် လူစည်ကားရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟိန်းမင်းသန့် ဦးဆောင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်/ဆက်ဦးစီးဌာန၊ ခရိုင်မီးသတ်တပ်ဖွဲ့၊ ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ချမ်းသာကြီးပရဟိတ လူမှုကူညီရေး (မင်းဘူး) တို့ ပူးပေါင်းပြီး စေတနာရှင် အလှူရှင်များမှ လှူဒါန်းသော နှာခေါင်းစည်း Mask အခုရေ ၃၀၀၀ ကို ဈေးရောင်း၊ ဈေးဝယ်များနှင့် လမ်းသွား၊ လမ်းလာ မိဘပြည်သူများကို အခဲ့မဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဆောင်ရွက်မှုလုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ပရဟိတ လူမှုရေး အသင်းအဖွဲ့စည်းများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)






No comments