ဂျပန်နိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသော 2020 Tokyo Olympic ကြက်တောင် ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်
နေပြည်တော်၊ ဇူလိုင် ၂၅
ဂျပန်နိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပသော 2020 Tokyo
Olympic ပြိုင်ပွဲ
တွင် အမျိုးသမီးတစ်ဦးချင်း
ကြက်တောင်ပြိုင်ပွဲများကို
ယနေ့နံနက်ပိုင်းတွင် Musashino Forest Plaza
CRT (2) တွင်
ကျင်းပရာ အုပ်စုတွင်းပြိုင်ပွဲအဖြစ်
အုပ်စု (M) တွင် မြန်မာ နိုင်ငံမှ ကြက်တောင်အားကစားသမား
သက်ထားသူဇာနှင့် အင်ဒိုနီးရှားနိုင်ငံမှ
Tumjuug
Gregoria Marissa တို့
ယှဉ်ပြိုင်ကစားခဲ့ရာ အင်ဒိုနီးရှားနိုင်ငံမှ (21:11) ၊ (21:8) ဖြင့် အနိုင် ရရှိသွားခဲ့သည်။
အဆိုပါ အုပ်စု (M)တွင် အင်ဒိုနီးရှားအားကစားသမားသည်
ကမ္ဘာ့အဆင့် (၂၀) ရှိပြီး ယခုပြိုင်ပွဲတွင် နိုင်ခြေအဆင့် (၁၄) သတ်မှတ်ခံရသူဖြစ်ပြီး မြန်မာနိုင်ငံမှ သက်ထားသူဇာ သည် ကမ္ဘာ့အဆင့် (၅၆) ရှိသူဖြစ်သည်။ အုပ်စုတွင်းအခြားပြိုင်ဘက်မှာ ဘယ်ဂျီယံနိုင်ငံသူ Tan Lianne ဖြစ်ပြီး ကမ္ဘာ့အဆင့် (၄၂) ရှိသူဖြစ်ပြီး မြန်မာနိုင်ငံမှ သက်ထားသူဇာနှင့် ဇူလိုင် (၂၇) ရက် မြန်မာစံတော်ချိန် နံနက် ၁၀ နာရီတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်
ကြောင်းသိရသည်။
(သတင်းစဉ်)


No comments