မောင်တောမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများပြုလုပ်
မောင်တော ဇူလိုင် ၂၅
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကိုဗစ်-၁၉
ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့်ညွှန်ကြားချက်များအား
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင်
၂၄ ရက်က နံနက်ပိုင်းနှင့် နေ့လယ်ပိုင်း ဟူ၍ နှစ်ချိန်ခွဲ၍ မြို့ပေါ် ရပ်ကွက် များအတွင်း
အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ခရိုင်ဦးစီး အရာရှိ ဦးဇော်ဇော်ဆန်းနှင့်
ဝန်ထမ်းများ၊ မြို့နယ်မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး
မျိုးကျော်နှင့် တပ်ဖွဲ့ဝင်များပူးပေါင်းပြီး အသိပညာပေးခဲ့ရာတွင် ယခုအခါ ၂၀၂၁ ခုနှစ်
ဇွန် ၁၀ ရက်နေ့မှ ဇူလိုင် ၂၃ ရက်နေ့ထိ မောင်တောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုး
တွေ့သူနေ့စဉ်များပြားလာလျက်ရှိပြီး သေဆုံးမှုများလည်း ရှိနေသည်ဖြစ်ရာ မိဘပြည်သူများအနေဖြင့်
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမခံရစေရေးနှင့်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွန်ကြားချက်များနှင့်အညီ မိမိနေအိမ်တွင်သာ နေထိုင်ရေး၊ မလိုအပ်ဘဲနေအိမ်ပြင်ပသို့
မထွက်ခွာပါရန်၊ ဧည့်သည်များလက်မခံကြရန်၊ နေအိမ်ပြင်ပသို့ ထွက်လျှင် နှာခေါင်း စည်းတပ်ခြင်း၊
စနစ်တကျလက်ဆေးခြင်း၊ လူစုလူဝေးရှောင်ရှားခြင်း၊ တစ်ဦးနှင့် တစ်ဦးခပ်ကွာကွာနေခြင်း၊
ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုခက်ခဲခြင်း ၊ အားအင်ကုန်ခမ်းခြင်း စသည့်လက္ခဏာများဖြစ်
ဖြစ်ပေါ်ပါက နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသွား ရောက်ပြသကြရန် လိုအပ်ကြောင်း စသည့်အချက် ၁၁ ချက် ပါဝင်သော ညွှန်ကြားချက်များအား
ပြည်သူများအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရန်အတွက် မြို့ပေါ် ရပ်ကွက်များအတွင်း လိုက်လံကြေငြာခဲ့ကြကြောင်း
သိရသည်။
သက်လွင်စိုး ခရိုင်(ပြန်/ဆက်)


No comments