မူဆယ်တွင် Quarantine Centre တိုးချဲ့ဆောင် လူ ၂၀၀ ဦးအတွက် အဆင်သင့်ရှိ
မူဆယ် ဇူလိုင် ၂၅
ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ဇွန်လဆန်းပိုင်းမှ စ၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ တိုးလာသဖြင့် လက်ရှိ
Quarantine Centre များဖြစ်သည့်
ခရိုင်ပြည်သူ့ဆေးရုံ၊
ကုတင် ၂၀၀ ဆံ့
ဆေးရုံသစ်နှင့် တရုတ်စာသင်ကျောင်း စသည့်နေရာသုံးခုတွင် အခန်းလုံလောက်မှုမရှိတော့သဖြင့်
နေရာ အသစ်နှင့် ကုတင်များ လိုအပ်လာသည်။
ထို့ကြောင့် မူဆယ်ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများ၏
စီစဉ်ရွေးချယ်သတ်မှတ်မှုဖြင့်
ရွှေနန်းတော် ခရီးသွားစင်တာ အဆောက်အအုံတွင် Quarantine Centre ဖွင့်လှစ်နိုင်ရေးအတွက်
ယခုနှစ်ဇူလိုင် ၁၆ ရက်မှ စတင်ဆောင်ရွက်ခဲ့ရာ
ဇူလိုင် ၂၄ ရက်တွင် ကိုဗစ်-၁၉ လူနာ ၂၀၀ ခန့်အတွက် အဆင်သင့်ရှိနေ ပြီဖြစ်ကြောင်း သိရသည်။
၎င်း ရွှေနန်းတော်ခရီးသွားစင်တာ Quarantine
Centre အသစ်တွင်
ရေ၊ မီး၊ မိလ္လာစနစ် ကောင်းမွန် သဖြင့် ဆက်လက်ပြင်ဆင်ပြီးပါက
ကိုဗစ်-၁၉ လူနာ ၆၀၀ ခန့်ကို စနစ်တကျ ထားရှိနိုင်မည်ဖြစ်ကြောင်း
သိရပါသည်။
အယ်လ်စိုး(မူဆယ်)


No comments