မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ မွေးလူနာ ခွဲစိတ်မွေးဖွားမှုအောင်မြင်
မင်းလှ ဇူလိုင်
၁၁
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးကို
ဇူလိုင် ၁၀ ရက် ညနေပိုင်းက စစ်ကွင်းတိုက်နယ်ဆေးရုံတွင်
အောင်မြင်စွာ ခွဲစိတ် မွေးဖွားပေးနိုင်ခဲ့ကြောင်း
ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
စစ်ကွင်းမြို့၊ ဆေရုံလမ်းနေ အသက်
၃၇ နှစ်အရွယ်ရှိ မွေးဖွားလူနာသည်
မင်းလှပြည်သူ့ဆေးရုံသို့ လာရောက်ပြသခဲ့စဉ်
RDT Test kit ဖြင့် စစ်ဆေးခဲ့ရာ
ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ပြီး
ပြည်သူ့ဆေးရုံ၌ ရောဂါကူးစက်ခံရသူများ ထားရှိကုသနေသဖြင့်
နေရာမသန့်ရှင်းခြင်းကြောင့်
မင်းလှ လူမှုကွန်ရက် ပရဟိတအသင်းမှ စစ်ကွင်းတိုက်နယ်ဆေးရုံ
သားဖွားဆောင်သို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊
မြို့နယ်ဆရာဝန်ကြီး
ဒေါက်တာလှဝင်း ဦးဆောင်သည့်
ကျန်းမာရေးအဖွဲ့မှ မွေးဖွားလူနာကို ခွဲစိတ်မွေးဖွားပေးခဲ့ရာ
သားယောက်ျားလေးတစ်ဦး အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ
ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း သုံးမြွှာပူး ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ယခု ကိုဗစ်ကူးစက်ခံရသည့် မွေးလူနာကို
ဒုတိယမြောက် မွေးဖွားပေးနိုင်ခဲ့ကြောင်း
ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ပေါက်စ (မင်းလှ)

No comments