သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂၆ ဦး ထပ်မံတွေ့ရှိ
သုံးခွ ဇူလိုင် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊
တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉
ရောဂါပိုး သံသယရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံအတွင်းနှင့် ဓာတ်ခွဲခန်း၌ Swab နမူနာယူစစ်ဆေးလျက်ရှိရာ
ဇူလိုင် ၉ ရက် နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၆ ဦး ထပ်တိုးတွေ့ရှိခဲ့ကြောင်း
သိရသည်။
ကိုဗစ်-၁၉
ရောဂါ သံသယရှိသူ ၃၈ ဦးကို RDT Test Kit ဖြင့် စစ်ဆေးရာ ၂၆ ဦးတွေ့ရှိရကြောင်း ကျန်းမာရေးဦးစီးဌာနမှ
သိရပြီး ကျောက်တန်းမြို့နယ် စစ်တန်းကျေးရွာမှ နှစ်ဦး၊ အမှတ်(၁)ရပ်ကွက်မှ နှစ်ဦး၊
(၂)ရပ်ကွက်မှ တစ်ဦး၊ (၄)ရပ်ကွက်မှ ခုနစ်ဦး၊ (၉)ရပ်ကွက်မှ လေးဦး၊ (၁၁)ရပ်ကွက်မှ တစ်ဦး၊
(၁၂)ရပ်ကွက်မှ တစ်ဦး၊ ပုဂံတောင်ကျေးရွာမှ တစ်ဦး၊ ဇွဲထော်ကျေးရွာမှ လေးဦး၊ ရှမ်းစုကျေးရွာမှ
နှစ်ဦး၊ မိချောင်းကန်ကျေးရွာမှ တစ်ဦးတို့အား စစ်ဆေးတွေရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉
ရောဂါပိုး တွေ့ရှိသည့် ၂၆ ဦးအား ပရဟိတအသင်းအဖွဲ့များက မိုးကုတ်ဝိပဿနာ Positive Centre
သို့ သယ်ယူပို့ဆောင်ပေးခဲ့ပြီး ကျန်းမာရေးဦးစီးဌာနက စောင့်ကြည့်ကုသပေးလျက် ရှိသည်။
သုံးခွမြို့နယ်တွင်
ယနေ့ထိ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိသူ စုစုပေါင်း ၄၉ ဦး၊ သေဆုံးသူ တစ်ဦးရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ
ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)
No comments