မအူပင်မြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
မအူပင် ဇူလိုင် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ
ကာကွယ်ထိန်းချုပ်နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှု မရှိစေရေးနှင့် ပြည်သူများအနေဖြင့်
နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက ပါးစပ်နှာခေါင်းစည်း တပ်ဆင်သွားလာသည့်
အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ဇူလိုင် ၁၀ ရက် နံနက် ၈ နာရီမှစတင်၍ လူစည်ကားရာ ဘုရားလမ်းနှင့်
တေဇလမ်းထောင့်၊ ပြုံးချိုလေးစျေး နေရာများတွင် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို မအူပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ
ဦတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ ဝန်ထမ်းများ၊ မြို့နယ်
ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ
ကူးစက်ခံရမှုမရှိစေရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ
လိုက်နာနေထိုင်ကြစေရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက ပါးစပ်နှာခေါင်းစည်းများ
စနစ်တကျ တပ်ဆင်သွားလာကြစေရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်လာသူများ၊
ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအား ပါးစပ်နှာခေါင်းစည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့သည်။
မအူပင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား
ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အသိပေး ကြေညာချက်များကိုလည်း ရပ်ကွက်နှင့် ကျေးရွာများတွင်
ပြည်သူများသိရှိစေရန် လှည့်လည်ကြေညာခြင်းများကို ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)


No comments