လှိုင်းဘွဲမြို့ အဝင်အထွက်တွင် စစ်ဆေးရေးဂိတ်များဖွင့်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်
လှိုင်းဘွဲ ဇူလိုင် ၁၀
ကရင်ပြည်နယ်၊
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက်
လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်၍ ဌာနဆိုင်ရာများနှင့်
လူမှုအဖွဲ့အစည်းများက လှိုင်းဘွဲမြို့ အဝင်အထွက်တွင် စစ်ဆေးရေးဂိတ်များ ဖွင့်လှစ်ကာ ကျန်းမာရေး စစ်ဆေးခြင်းနှင့်
အသိပညာပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း
သိရှိရသည်။
အသိပညာပေး လုပ်ငန်းဆောင်ရွက်ရာတွင်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးဝင်းသန်း ဦးဆောင်၍ တပ်ရင်း/တပ်ဖွဲ့များ၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ BGF တပ်ဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊
မီးသတ်တပ်ဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့များက လှိုင်းဘွဲမြို့အဝင်/ အထွက် ဖြစ်သော
ဒိုင်ပြကျေးရွာ၊ ရွှေဂွန်းသွားကားလမ်း၊ ပိုင်ကျုံမြို့သွားလမ်း၊
ကော့လှိုင်းကျေးရွာနှင့် ရှမ်းရွာသစ်မြို့သွားလမ်းတို့တွင် စစ်ဆေးရေးဂိတ်များ
ဖွင့်လှစ်၍ ကျန်းမာရေးနှင့်အားကစား
ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့်အညီ ပြည်သူများ အပြင်သွားရာတွင် မဖြစ်မနေ
နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်ရန် အသိပညာပေးခြင်း၊ အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်ပြီး
ခရီးသွားခြင်းများကို ရှောင်ကြဉ်ခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊
မြို့တွင်းသို့ ခရီးဝေး ဝင်ရောက်လာသူများအား ခရီးသွား စစ်ဆေးမှု မှတ်တမ်းရယူခြင်းတို့ကို
ပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)


No comments