မိုင်းယောင်း၌ ဌာနဆိုင်ရာနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ
မိုင်းယောင်း ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေိ့ပိုင်း)၊
တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပထမအကြိမ် ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်
ပြည်သူများအား ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံ၌ ကိုဗစ်-၁၉ ရောဂါ
ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့ကြောင်း
သိရသည်။
မိုင်းယောင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ
ဝန်ထမ်းများသည် မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ
၁၈၀ ကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
အားချာ


No comments