မောင်တောမြို့၌ ကိုဗစ်-၁၉ အတည်ပြု လူနာတစ်ဦး ထပ်မံသေဆုံး
မောင်တော ဇူလိုင် ၁၀
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ဇူလိုင် ၈ ရက်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သူ အမျိုးသားတစ်ဦးသည်
မောင်တောပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာဆောင်၌
ဆေးကုသမှု ခံယူလျက်ရှိစဉ် ဆီးချို/သွေးတိုး ရောဂါအခံရှိမှုကြောင့် ဇူလိုင် ၁၀ ရက် နံနက်ပိုင်း
တွင် သေဆုံးသွားကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ သေဆုံးသူသည် အသက် (၅၈) နှစ်ရှိပြီဖြစ်ပြီး မောင်တောမြို့ သရက်အုပ်ကျေးရွာ အုပ်စု၌နေထိုင်သူဖြစ်ကြောင်း
သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)

No comments