ဘားအံ၊ ဘုတ်ပြင်းနှင့် တာချီလိတ် မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
နေပြည်တော် ဇူလိုင် ၄
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီခွဲတွင် ဘားအံမြို့နယ်၊
အိန္ဒဲကျေးရွာအုပ်စု၊ ဘုရားလုံကျေးရွာနေ မနန်းသဇင်ခိုင်၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား
၂,၀၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၁၁
နာရီ မိနစ် ၅၀ တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဘုတ်ပြင်း မြို့နယ်၊ ကရသူရိမြို့၊ အေးမြသာယာကျေးရွာအနီး၊
ဘုတ်ပြင်း-ကော့သောင်း သွားကားလမ်းတွင် ဖုန်းစံအောင်
မောင်းနှင်ပြီး ရဲကိုကိုမြင့် လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကိုလည်းကောင်း၊
ထို့အတူ ယင်းနေ့ ညနေ
၄ နာရီ ၃၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်ရှိ
တည်းခိုခန်း ကားပါကင်၌ သတင်းအရ စောင့်ဆိုင်းနေစဉ်
ရဲမင်းထွန်း မောင်းနှင်ပြီး အာကာထွန်း လိုက်ပါလာသည့် ဆိုင်ကယ်ကို စစ်ဆေးရှာဖွေရာ အိုက်စ် ၁ ကီလို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဉပဒေအရ
အရေးယူထားကြောင်း သိရ သည်။
(ရဲပြန်ကြား)

No comments