ချောင်းမငယ်ရေလှောင်တမံပတ်ဝန်းကျင် တွင် သဘာဝဂေဟစနစ်အမှီပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်
နေပြည်တော် ဇူလိုင် ၄
စိုက်ပျိုးရေး၊မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန၏
၂၀၂၁ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ချောင်းမငယ်ရေလှောင်တမံ
ပတ်ဝန်းကျင်နှင့် ရုံးပင်သစ်တော ကြိုးဝိုင်းဧရိယာ တွင် ကျန်းမာရေးဆိုင်ရာ
ညွှန်ကြားချက်များနှင့်အညီ ဦးစီးဌာနများအလိုက် ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး
ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတန်းအတွင်းဝန် ၊
ညွှန်ကြားရေးမှူးချုပ်များ ၊ ပါမောက္ခချုပ် နှင့် ဌာနဆိုင်ရာ တာဝန်ရှိ
သူများတက်ရောက်၍ တမလန်း(၂၇၀)၊ မဟော်ဂနီ(၂၁၄)ပင်၊ ပိတောက် (၆၀) နှင့် ကျွန်း
(၄၅၆)ပင် စုစုပေါင်း နှစ်ရှည်ပင် (၁၀၀၀)ကို စိုက်ပျိုးခဲ့ကြသည်။
ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး
နှင့်တာဝန်ရှိသူများသည် ချောင်းမငယ် ရေလှောင်တမံ ရေသောက်ဧရိယာတွင် ပါဝင်ပြီး
၁၉၅၉ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဆင်အုံကန် ပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်
နေမှုများကိုကွင်းဆင်းစစ်ဆေးသည်။
ချောင်းမငယ်
ရေလှောင်တမံပတ်ဝန်းကျင်နှင့် ရုံးပင်သစ်တော ကြိုးဝိုင်းဧရိယာတွင် သဘာဝဂေဟစနစ်အမှီပြု
ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း ကို အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ ရှေ့ပြေးစီမံကိန်းအဖြစ်
ယခုဘဏ္ဍာရေးနှစ်တွင် ရေဝေရေလဲဒေသနှင့်ဆည်ရေသောက် ဧရိယာအတွင်းရှိ ဒေသနေ ပြည်သူများ
သီးနှံသစ်တော ရောနှော စိုက်ခင်း ထူထောင်လုပ်ကိုင် နိုင်ရေးအတွက် ကော်ဖီ ၊ ဝဥ ၊
သရက် ၊ ငှက်ပျော ၊ ပိန္နဲ စသည့် ပျိုးပင်များ ထောက်ပံ့ပေးခြင်း၊ မြေဆီ
အာဟာရဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ပေးခြင်း ၊ သီးနှံမျိုးပြောင်းလဲရေး နှင့်
စံပြကွက်ဆောင်ရွက်ပေးခြင်း ၊ လှေခါးထစ် စိုက်ပျိုးနည်း စနစ်
သရုပ်ပြစိုက်ပျိုးခြင်း နှင့် ပညာပေးဆွေးနွေးပွဲ သင်တန်းများ ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့
သစ်တောဦးစီးဌာန မှ သီးနှံသစ်တောရောနှောစိုက်ခင်း(၁၆)ဧက၊ သီးနှံသစ်တောရောနှော အခြေပြု
ဒေသခံပြည်သူအစု အဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်း (၂၄၃ဧက) ၊ ကျေးရွာသုံး
ထင်းစိုက်ခင်း (၂)ဧက ဆောင်ရွက်ပေးလျက်ရှိသည်။
မွေးမြူရေးလုပ်ငန်းအတွက် ဒေသကြက်မွေးမြူရေးလုပ်ငန်း
တစ်ပိုင်တစ်နိုင်မွေးမြူသူ(၁၀၀) နှင့် ဒေသဘဲမွေးမြူရေးလုပ်ငန်းများတည်ထောင်ပေးခြင်း
၊ စားကျက်မြက်မျိုးများ စမ်းသပ် စိုက်ပျိုး ခြင်းများ ပါဝင်ပြီး တမံအတွင်း ငါးမျိုးကောင်ရေ(၂၀၀၀၀)စိုက်ထည့်ခြင်း၊
ကျောက်တလုံးကျေးရွာ အုပ်စုရှိ ၃ ဧက အကျယ် အလှစုကန် အတွင်းသို့ ကျေးရွာအစုအဖွဲ့ဖြင့်
ငါးကောင်ရေ(၁၀၀၀၀) ထည့်သွင်းမွေးမြူနိုင်ရေး
ဆောင်ရွက်ပေးခြင်း တို့အပြင် ကျေးရွာချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်း များ
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ချောင်းမငယ် ရေလှောင်တမံ မှ
ဆင်အုံကန်အထက်ပိုင်း တွင် ရေသောက်ဧရိယာ ဧက ၂၆၄၀ ရှိပြီး ဆင်အုံကန် အောက်ပိုင်းတွင်
ရေသောက်ဧရိယာ ၄၅၇၉ ဧက ရှိသည်။နှစ်ပေါင်း၆၀ အတွင်း ပြုပြင်မှုမရှိခဲ့သည့် ဆင်အုံကန်အား
ကန်ပေါင် ကျောက်ရိုးစီခြင်း နှင့် မူလကန်ပေါင်ထက် ၂ ပေ မြှင့်တင်ခြင်း၊
ကန်ပေါင်မျက်နှာပြင် အကျယ် ပေ၂၀ အဖြစ် ပြုပြင်ခြင်း၊ သဲနုန်းတူးဖော်ခြင်း၊ ဒိုက်နှင့် ဗေဒါများ
ရှင်းလင်း ဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး၏ ၈၉
ရာခိုင်နှုန်း ပြီးစီးပြီဖြစ်၍ မူလက ရေဧကပေ ၁၂၀၀ ကျော် သိုလှောင်နိုင်ခဲ့သည့်
ဆင်အုံကန်သသည် ယခုအခါ ရေဧကပေ ၁၈၀၀ ခန့် သိုလှောင်နိုင်မည်ဖြစ်သည်။ ယခုနှစ်
နွေစပါးဧက ၄၃၀၀ အတွက် စိုက်ပျိုးရေ ပေးဝေနိုင်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)

No comments