လားရှိုးမြို့ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းမှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရန် စက်သုံးဆီ ဂါလန် ၁၀၀၀ လှူဒါန်း
လားရှိုး
ဇူလိုင် ၁၁
လားရှိုးမြို့၌
ကိုဗစ်-၁၉ အတည်ပြုလူနာများအား လားရှိုးမြို့ ပြည်သူ့ဆေးရုံကြီး စတင်ကြည့်ရှု ကုသပေးလျက်ရှိသည့်အပြင်
ပြည်ထောင်စုအားကစားကွင်း
မိုးလုံလေလုံခန်းမနှင့် ပညာရေးကောလိပ်
စောင့်ကြည့်ကုသဆောင်များတွင်
စောင့်ကြည့်ကုသပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
အဆင်ပြေစေနိုင်ရန်အတွက် လားရှိုးမြို့ စက်သုံးဆီ လုပ်ငန်းရှင်များအသင်းမှ စက်သုံးဆီဂါလန် ၁၀၀၀ (တန်ဖိုးအားဖြင့်
သိန်းငါးဆယ်)ကို
ယနေ့ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးအဖွဲ့သို့ လာရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများ
လက်ခံရယူခဲ့ပြီး စက်သုံးဆီများလိုအပ်ပါက ထပ်မံလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း ခရိုင်အဆင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေးကော်မတီမှ သိရသည်။
ဥမ္မာချို (ခရိုင် ပြန်/ဆက်)

No comments