မုဒုံမြို့နယ်၌ နှာခေါင်စည်း (Mask) အခုရေ (၃၀၀၀၀) အား ပြည်သူများထံ အခမဲ့ဖြန့်ဝေ
မုဒုံ ဇူလိုင် ၁၁
မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ရည်ရွယ်၍
နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေခြင်းကို ဇူလိုင် ၁၁ ရက်
နံနက် ၇ နာရီမှစ၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ လူစည်ကားရာနေရာများ၊
စျေးများ၊ လမ်းဆုံလမ်းခွ နေရာများတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှုကို မုဒုံမြို့နယ်
စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ကမာဝက်မြို့ အုပ်ချုပ်ရေးမှူးတို့
ဦးဆောင်၍ မြို့နယ်ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊
ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ volunteers များတို့က ပူးပေါင်းကာ တစ်ပြိုင်နက် ကိုဗစ်-၁၉ ရောဂါကူးစက်မှု
မဖြစ်ပွားစေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ စျေးရောင်း၊ စျေးဝယ်သူများ မဖြစ်မနေ
နှာခေါင်းစည်တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကူးစက်မှုဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာအလေးထား လိုက်နာဆောင်ရွက်ရေးတို့ကို
အသိပညာပေးဟောပြောခဲ့ပြီး နှားခေါင်းစည်း (Mask) အခုရေ (၃၀၀၀၀) ကို ပြည်သူများထံ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)



No comments