အင်ဒိုနီးရှားနိုင်ငံသို့ ပြည်ပနိုင်ငံများမှ အကူအညီများရောက်ရှိ
ဂျကာတာ ဇူလိုင် ၁၁
နိုင်ငံရပ်ခြားမှ ပေးပို့လိုက်သည့် ဆေးဘက်ဆိုင်ရာ အကူအညီများ
အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ ပိုမိုများပြားနေသည့်အတွက်
ကျန်းမာရေး စောင့်ရှောက်မှုစနစ်မှာ ရုန်းကန်နေရသည်။ ဇူလိုင် ၉ ရက်တွင် အသက်ရှူ အထောက်အကူပြု
ကိရိယာ ၂၀၀၊ အောက်ဆီဂျင် ဆလင်ဒါနှင့် အကာအကွယ် ဝတ်စုံများကို စင်ကာပူနိုင်ငံက ပေးပို့လိုက်ကြောင်း
သိရသည်။
ဩစတြေးလျနိုင်ငံမှ ပေးပို့မည့် အသက်ရှူ အထောက်အကူပြုကိရိယာ
၁၀၀၀ မှာလည်း မကြာမီရောက်ရှိတော့မည်ဟု သိရသည်။ အင်ဒိုနီး ရှားနိုင်ငံတွင် ဇူလိုင် ၉
ရက်က ကိုဗစ် -၁၉ ကူးစက်ခံ ရသူ ၃၈၁၂၄ ဦး တွေ့ရှိခဲ့ပြီး သေဆုံးသူ ၈၇၁ ဦး ရှိသည်ဟု သိရသည်။
အိန္ဒိယတွင် တွေ့ရှိရသည့် ဗီဇပြောင်း ဒယ်လ်တာကူးစက်မှုကိုလည်း နိုင်ငံအနှံ့ တွေ့မြင်နေရပြီဖြစ်သည်။
ဆေးရုံခုတင်အသုံးပြုမှုမှာ ဂျကာတာမြို့တွင် ၈၅ ရာခိုင်နှုန်းရှိနေပြီး ဆေးဘက်သုံး အောက်ဆီဂျင်ကို
ယခင်ကထက် အဆပေါင်း ၅၀၀ တိုး၍ အသုံးပြုနေရသည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံကို အကူအညီပေးရန် နိုင်ငံပေါင်း ကိုးနိုင်ငံက
ကမ်းလှမ်းလာသည့်အတွက် ဇူလိုင် ၉ ရက်တွင် ကျေးဇူးတင်ကြောင်း အစိုးရက ကြေညာခဲ့သည်။ ကူညီရန်ကမ်းလှမ်းသည့်
နိုင်ငံများထဲတွင် ဂျပန်နိုင်ငံလည်း ပါဝင်ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဂျပန်နိုင်ငံက
ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သန်း အင်ဒိုနီးရှားနိုင်ငံသို့ ပေးပို့ခဲ့သည်ဟု သိရသည်။
အင်န်အိတ်ချ်ကေ

No comments