တောင်ကိုရီးယားနိုင်ငံ၌ သုံးရက်ဆက်တိုက် ကိုဗစ် - ၁၉ ကူးစက်မှု စံချိန်တင်များပြား
ဆိုးလ် ဇူလိုင် ၁၁
တောင်ကိုရီးယားနိုင်ငံ၏ နေ့စဉ်ကိုဗစ် -၁၉ ကူးစက်မှုနှုန်းမှာ
သုံးရက်ဆက်တိုက် စံချိန်တင်များပြားလျက်ရှိပြီး ဆိုးလ်မြို့ ဧရိယာတစ်ဝိုက်တွင် တင်းကျပ်သည့်
ကိုဗစ်-၁၉ စည်းကမ်းများ ချမှတ်ထားရသည်။ ဇူလိုင် ၉ ရက် ညသန်းခေါင်ယံတွင် ကူးစက်ခံရသူပေါင်း
၁၃၇၈ ဦး တိုးလာခဲ့သည်။
နေ့စဉ်ကူးစက်မှု ၁၂၀၀ အထက်တွင် ရှိနေသည်မှာလည်း လေးရက်ဆက်တိုက်ရှိပြီဖြစ်သည်။
ဆိုးလ်မြို့ အနီးတစ်ဝိုက်တွင် အစုလိုက်ကူးစက်မှုမှတစ်ဆင့် ကူးစက်မှုများ ပြန်လည်များပြားလာခြင်းဖြစ်သည်ဟု
ယူဆရသည်။ နောက်ထပ်ကူးစက်ခံရသူများထဲတွင် ဆိုးလ်ဒေသခံ ၅၀၁ ဦး၊ ဂယောင်းဂီပြည်နယ်မှ ၄၄၁
ဦးဟု သိရသည်။
နိုင်ငံရပ်ခြားမှကူးစက်လာသူ ၄၈ ဦး ရှိသည်။ ကိုဗစ်-၁၉ နှင့်
ဆက်စပ်ပြီး နောက်ထပ်နှစ်ဦး သေဆုံးခဲ့သည့်အတွက် သေဆုံးသူ ၂၀၃၈ ဦးရှိလာသည်။ နိုင်ငံအတွင်း
လူပေါင်း ၁ဝ ဒသမ ၈၈ သန်းကို ဆေးစစ်ပေးမှုများ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။ တောင်ကိုရီးယားနိုင်ငံတွင်
ဖေဖော်ဝါရီ ၂၆ ရက်ကတည်းက ကာကွယ် ဆေးထိုးနှံပေးမှုများ စတင်ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်တိုင်တိုင်
ကာကွယ်ဆေးထိုးပြီးသူ ၅၈၀၁၉၉၇ ဦးရှိသည်ဟု သိရသည်။
ဆင်ဟွာ
No comments