ကလောမြို့နယ်တွင် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
ကလော
ဇူလိုင် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊
တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ပြည်သူများ လတ်တလော ဖြစ်ပေါ်လျက်ရှိသည့် ကူးစက်မြန် ကိုဗစ်−၁၉ ရောဂါ ပြန့်ပွားမှု မဖြစ်စေရန်
ရည်ရွယ်၍ ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ကလောမြို့မစျေးနှင့် ပျံကျစျေးတို့တွင် ကိုဗစ်-၁၉
ရောဂါ ကာကွယ်နိုင်ရန် ရှောင်ရန်/ ဆောင်ရန်
အချက်များပါသည့် သတင်းစကား
လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ
ဦးပြည့်ဖြိုးငြိမ်းနှင့် အဖွဲ့ဝင်များ၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုရေး အသင်းအဖွဲ့များ
ပူးပေါင်း၍ ကလောမြို့မစျေး၊ ပျံကျစျေးတို့ရှိ
စျေးသည်၊ စျေးဝယ်နှင့် စျေးအနီး ဖြတ်သန်း သွားလာကြသော ပြည်သူများအား နှာခေါင်းစည်း
တပ်ဆင်ထားခြင်း မရှိကြသူများနှင့် နှာခေါင်းစည်း အဟောင်း တပ်ဆင်ထားသူများကို အသစ်လဲလှယ်ပေးခြင်း၊
နှာခေါင်းစည်းများ စနစ်တကျ အသုံးပြုနိုင်ရေးနှင့် ကိုဗစ်−၁၉ ဆိုင်ရာ သတ်မှတ်ထားသော
စည်းကမ်းချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်သွားကြစေရန် အသိပညာပေးခြင်း၊ စားသောက်ဆိုင်များအား
ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ
တို့ကို လိုက်လံကြည့်ရှု့၍ အသိပညာပေးခြင်းတို့ကို
ဆောင်ရွက်ခဲ့သည်။
နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ကလောမြို့နယ်ရှိ ကလော၊ အောင်ပန်း၊ ဟဲဟိုး၊ နန်းတိုင်းတို့ရှိ စျေးများတွင်လည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
ကျော်ဝင်း(ကလော)


No comments