ကျောက်ဆည်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ ၄၅ ဦး ထပ်မံတွေ့ရှိ
ကျောက်ဆည် ဇူလှိုင် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့
သီရိသာသနာ့ဗိမာန်တွင် ဇူလိုင် ၁၀ ရက် နံနက်ပိုင်းက ကျောက်ဆည်ခရိုင် အထွေထွေရောဂါကု
ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်နှင့် ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဒုတိယခရိုင်
ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်တို့ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး သံသယရှိသူများ၊ ရောဂါပိုးရှိသူနှင့်
ထိတွေ့ဆက်ဆံ သူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ Test Kit ဖြင့် စစ်ဆေးရာ ရောဂါပိုးတွေ့ရှိသူ
၄၅ ဦး ထပ်မံ တွေ့ရှိကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာတွင်
မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ပူးပေါင်းကူညီခဲ့ပြီး အမျိုးသား ၅၅ ဦး၊ အမျိုးသမီး ၃၅ ဦး
စုစုပေါင်း ၉၀ အား Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိစစ်ဆေးခဲ့ရာ အမျိုးသား ၂၇ ဦးနှင့်
အမျိုးသမီ ၁၈ ဦး စုစုပေါင်း ၄၅ ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း
သိရှိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး
တွေ့ရှိသူများအား Facility Quarantine အဖြစ် ဆောင်ရွက်ထားသည့် မြင်စိုင်းခန်းမနှင့် သီရိသာသနာ ဆွမ်းစားဆောင်တို့သို့ ပို့ဆောင်ထားရှိကာ
ကျောက်ဆည်ခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနက ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း
သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


No comments