ကော့သောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး မီးသတ်ဦးစီးဌာနက မြို့ပေါ်ရပ်ကွက် ဈေးများအား ပိုးသတ်ဆေးဖျန်းလုပ်ငန်းများ ဆောင်ရွက်
ကော့သောင်း ဇူလိုင်၄
ယနေ့ပြန်လည်ဖြစ်ပေါ် ကူးစက်လျက်ရှိသည့် COVID-19 ရောဂါ မြို့နေပြည်သူများသို့
ကူးစက်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် ကော့သောင်းမြို့တွင် ယနေ့နံနက်ပိုင်းက ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မြို့ပေါ်ရပ်ကွက်များရှိ
ဈေးများအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေး
ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုနှင့် ပိုးတွေ့လူနာများ ပြန်လည်တွေ့ရှိလာနေသဖြင့်
မြို့နေပြည်သူများ နေ့စဉ်စားသုံးမှုအတွက်
မဖြစ်မနေ ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ဈေးသယ်နှင့်ဈေးဝယ်များ အဝင်အထွက်များပြားရာ
ဈေးများမှတစ်ဆင့် ရောဂါကူးစက်မှုမရှိစေရေး
ရည်ရွယ်ကာ ကြိုတင်ကာကွယ်သည့်အနေဖြင့်
ကော့သောင်းခရိုင်၊ မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များမှ ကလိုရင်း
ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ကော့သောင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ငြိမ်းဦးက
ပြောသည်။
ဆောင်ရွက်မှုအဖြစ် မီးသတ်တပ်ဖွဲ့ဝင်များက
မြို့နယ်စည်ပင်သာယာရေးအဖွဲ့များ၊
ဈေးအကျိုးတော်ဆောင် အဖွဲ့များပူးပေါင်းကာ
မြို့၏ အချက်အခြာကျပြီး လူသူအသွားအလာ များပြားရာ
အဏ္ဏဝါရပ်ကွက်ရှိ မြို့မဈေး၊ ဘုရင့်နောင်ဈေး၊ လဟာပြင်ဈေများတွင်
ပိုးသတ်ဆေး ဖျန်းပေးခဲ့ကြခြင်းဖြစ်ပြီး ကျန်ရှိသည့် မြို့ပေါ်ရပ်ကွက်ဈေးများကိုလည်း
ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)


No comments