ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်
ဟိုပုံး ဇူလိုင် ၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ပြုလုပ်ခြင်းကို ဇူလိုင် ၄
ရက် နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှေ့
ပြည်ထောင်စုလမ်းမကြီးတွင်
ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ
ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းနှင့်
အမျိုးသမီးရေးရာအဖွဲ့၊
မြို့နယ်ရဲတပ်ဖွဲ့၊ ကြက်ခြေတပ်ဖွဲ့နှင့် Volunteer
အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က ခရီးသွားပြည်သူများနှင့်
ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နေအိမ်မှအပြင်သို့ ထွက်ခွာသည့်အချိန်တိုင်း၊
လူစည်ကားရာ နေရာများသို့ သွားလာသည့်အချိန်တိုင်း
နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ
ပြည်သူများအား အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း(Mask) (၅၅၀)ခု အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း
သိရသည်။
ဟိုပုံးခရိုင်(ပြန်/ဆက်)
No comments