ညောင်တုန်းမြို့၌ တည်းခိုခန်း မီးလောင်
ညောင်တုန်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊
မအူပင်ခရိုင်၊ ညောင်တုန်းမြို့ရှိ အိုဆာကာတည်းခိုခန်းတွင် ဇူလိုင် ၁၈ ရက် နံနက် ၁၀
နာရီခွဲက မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ
အမှတ်(၇)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ အိုဆာကာတည်းခိုခန်း၏ အခန်းအမှတ်(L) လူမနေသည့်အခန်းမှ
မီးအားမြင့်စက်အပူလွန်ကဲ၍ ဝိုင်ယာရှော့ဖြစ်ရာမှ စတင်မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး
မီးလောင်မှုကြောင့် တည်းခိုခန်း အပေါ်ထပ် အခန်း ၁၂ ခန်းနှင့် ခေါင်းရင်းဘက်ရှိ နေအိမ်
အပေါ်ပိုင်းသို့ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့
မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမျိုးမင်းသူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူများ စုပေါင်း၍ မီးသတ်ယဉ်လေးစီးဖြင့် ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ
နံနက် ၁၁ နာရီတွင် မီးငြိမ်းသွားကြောင်း သိရသည်။
မီးလောင်မှုကြောင့်
တန်ဖိုး ငွေကျပ်သိန်း ၃၀ ခန့် ဆုံးရှုံးခဲ့ပြီး လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း
မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်ဆက်)

No comments