ဟားခါးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် အမျိုးသားတစ်ဦး သေဆုံး
ဟားခါး
ဇူလိုင် ၁၈
ချင်းပြည်နယ်၊
ဟားခါးမြို့တွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက ဟားခါးမြို့ ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉
ရောဂါဖြင့် ဆေးကုသမှုခံယူနေသော အသက် (၈၂) နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း
သိရသည်။
အဆိုပါသေဆုံးသူသည်
ဇူလိုင် ၁၂ ရက်က ကာဆင်ခန်းမ၌ RDT Test Kid ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသည့်
လူနာ ၁၆ ဦးထဲမှ တစ်ဦးဖြစ်ပြီး ရောဂါပိုး စစ်ဆေး တွေ့ရှိသည့်နေ့မှ ခြောက်ရက်မြောက်နေ့တွင်
သေဆုံးခြင်းဖြစ်ကြောင်း၊ သေဆုံးသွား သူမှာ ဟားခါးမြို့ ဈေးသစ်ရပ်ကွက်တွင် နေထိုင်သူဖြစ်ကြောင်း
သိရသည်။
ဇူလိုင်
၁၇ ရက်က ဟားခါးမြို့ ပြည်သူ့ဆေးရုံတွင် ပြည်သူ ၃၅ ဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ၊ မရှိ
စစ်ဆေးရာ ၂၀ တွင်ရောဂါပိုး တွေ့ရှိရသဖြင့် ဇွန် ၁၀ ရက်မှ ဇူလိုင် ၁၈ ရက်အထိ ဟားခါးမြို့နယ်တွင်
ပိုးတွေ့လူနာ ၂၃၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၆၀၊ ဆေးကုသမှုခံယူဆဲ ၇၂ ဦးနှင့် သေဆုံးသူ
ငါးဦးရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments