ပေါက်ခေါင်းမြို့နယ်တွင် ၉ ရက်အတွင်း ကိုဗစ်-၁၉
ရောဂါပိုးတွေ့သူ ၉၁ ဦးရှိ
ပေါက်ခေါင်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊
ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်အတည်ပြု
လူနာများနှင့် ထိစပ်သူများ၊ အနံ့ပျောက်သူများအား ဇူလိုင်
၁၀ ရက်က အ.ထ.က(ခွဲ) အမှတ် (၁) နှင့် အမှတ် (၁၁) အင်ငါးခွသကြားစက်တို့တွင်
ဓာတ်ခွဲစစ်ဆေးရာ စုစုပေါင်း ၇ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိခဲ့သည်။
ပေါက်ခေါင်းမြို့နယ်တွင် ဇူလိုင် ၂ ရက်မှစတင်ပြီး
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိရာ ဇူလိုင် ၁၀ ရက်အထိ ၉ ရက်အတွင်း ပိုးတွေ့လူနာ
၉၁ ဦးရှိပြီဖြစ်ကြောင်း၊ လက်ရှိတွင်
မြို့နယ်ပြည်သူ့ဆေးရုံ၌ ၅၇ ဦး၊
ဓမ္မသော်တိုက်နယ်ဆေးရုံ၌ ၁၂ ဦး၊
တောင်လည်တိုက်နယ်ဆေးရုံ၌ ၁၅ ဦး၊
မြို့နယ်အားကစားခန်းမ ယာယီကုသရေးစင်တာတွင်
၇ ဦး စုစုပေါင်း ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသူ ၉၁
ဦးရှိကြောင်း ကျန်းမာရေးဌာနက သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments