နွားထိုးကြီး၌ နှာခေါင်းစည်း (Mask) မတပ်လျှင် အရေးယူဒဏ်ရိုက်မည်
နွားထိုးကြီး ဇူလိုင်
၁၁
မန္တလေးတိုင်းဒေသကြီး
နွားထိုးကြီး ကိုဗစ်ကော်မတီက လမ်းပြင်ထွက်လျှင် နှာခါင်းစည်း
(Mask) တပ်ကြရန်နှင့် နှာခါင်းစည်း (Mask) မတပ်ဘဲ
အပြင်ထွက်ပါက အရေးယူ ဒဏ်ရိုက်မည်ဖြစ်ကြောင်း
ဇူလိုင် ၁၀ ရက်က နွားထိုးကြီးမြို့ပေါ် (၈) ရပ်ကွက်ကို လိုက်လံအသိပေး ကြေညာခဲ့သည်။
နွားထိုးကြီးတွင်
ကိုဗစ်-၁၉ ပိုးတွေ့သူ ၁၄၀ ရှိပြီး သေဆုံးသူ ၃ ဦးရှိကြောင်း We Love
Natogyi အဖွဲ့မှ သိရသည်။
ယခုအခါ နွားထိုးကြီးစည်ပင်ဈေးကို
နေ့ဝက်ဖွင့်ပြီး မြို့ပေါ်စားသောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် ခွင့်ပြုထားကာ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို ဆောင်ရွက်လျက်ရှိသည်။
ခင်ဇာမွန်မြင့်(ဥပဒေ)

No comments