ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား ပြည်ပမှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တင်သွင်းနိုင်ရေးအတွက် ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ
နေပြည်တော်
ဩဂုတ် ၁၅
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို
ပြည်ပမှ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ တင်သွင်းနိုင်ရေးအတွက် အများပြည်သူ ရုံးပိတ်ရက်များအဖြစ်
သတ်မှတ် ကြေညာထားသည့် ဩဂုတ် ၁၆ ရက် မှ ၂၂ ရက် အတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများ၌
အလုပ်တာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းများ
ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ကုန်သွယ်ရေး ဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့်
ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ အွန်လိုင်း စနစ်ဖြင့်
ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုများကိုလည်း
ရုံးချိန်အတွင်းပုံမှန်အတိုင်း ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိသည်။
အများပြည်သူရုံးပိတ်ရက်များတွင်
လေကြောင်း၊ ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်ရေး စခန်း များမှ စဉ်ဆက်မပြတ်
အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး အတွက်စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ဩဂုတ် ၁၅ ရက်တွင်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen
Concentrator (၁၄၆၇)ခု အပါအဝင် ချင်းရွှေဟော်၊ မြဝတီ ၊ ထီးခီး ကုန်သွယ်ရေးစခန်းများမှ
အောက်ဆီဂျင် (အရည်) Bowser ယာဉ်(၁)စီးဖြင့် တန်(၂၀) ၊ အောက်ဆီဂျင်(အရည်)
အိုးဖြင့် (၉)တန်၊ အောက်ဆီဂျင်အိုး(အခွံ) (၁၆၉၀)၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen
Concentrator)(၂၀၅၆) ခု၊ PPE ဝတ်စုံ (၁၅၅၀၀)၊
လက်အိတ် (၁၀)တန်နှင့်နှာခေါင်းစီး (Mask)(၅၃)တန် တင်သွင်းနိုင်ခဲ့သည်။
အထက်ပါပစ္စည်းများအား ကုမ္ပဏီ(၁၃)ခုမှ ယာဉ်စီးရေ (၃၂)စီးဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
သြဂုတ်လအတွင်း
ယာဉ်စီးရေ(၈၃၅)စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser
ယာဉ်ဖြင့် (၇၆၂)တန်၊အောက်ဆီဂျင်(အရည်)အိုးဖြင့် တန်(၁၈၀) ၊အောက်ဆီဂျင်
(ဓာတ်ငွေ့) အိုးဖြင့်(၇၂)တန်၊ အောက်ဆီဂျင် (အရည်) Storage Container (၇) ခု၊
အောက်ဆီဂျင် (အရည်) Distributor (၆)ခု၊အောက်ဆီဂျင် (အိုးခွံ) (၁၀၁၂၉၁)ခု၊ Oxygen
Plant(၂၂)ခု၊ အောက်ဆီဂျင်(Generator) (၁၀)ခု၊ အိမ်သုံးအောက်ဆီဂျင်စက်(Oxygen Concentrator) (၇၂၅၆၀)၊ Test Kit (၁၅၀၂၆၈)ခု၊ PPE ဝတ်စုံ(၄၈၈၅၁၂)စုံ၊ လက်အိတ် (၈၂)တန်နှင့် နှာခေါင်းစီး (Mask) (၁၀၃၆) တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
၂၀၂၁
ခုနှစ် ဇူလိုင်(၁) ရက်မှ သြဂုတ်(၁၅)ရက်အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီ ဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း (၇၇) စီးမှာ
ရန်ကုန်မြို့သို့ (၅၉) စီး ၊ မန္တလေးမြို့သို့ (၁၁)စီး၊ မော်လမြိုင်မြို့သို့
(၄)စီး ၊ ပဲခူးမြို့သို့ (၂)စီး ၊ သထုံမြို့သို့ (၁)စီး ဖြစ်ကြောင်း သိရသည်။ Oxygen
Plant စုစုပေါင်း (၃၀) မှာ လားရှိုးမြို့သို့ (၅) ခု ၊
ရန်ကုန်မြို့သို့ (၄ )ခု၊ ပဲခူးမြို့သို့ (၄) ခု၊ မန္တလေးမြို့သို့(၃)ခု၊ ပခုက္ကူမြို့သို့
(၂) ခု ၊ ဘားအံမြို့သို့ (၂)ခု၊ မော်လမြိုင်မြို့သို့ (၂)ခု၊ တောင်ကြီး၊
သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ ကျောက်ပန်းတောင်းမြို့နှင့်
မိုးကောင်းမြို့များသို့ (၁) ခုစီ ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ
ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာန
များနှင့်ပူးပေါင်းဆောင်ရွက်လျှက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ
တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များနှင့်
အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm
တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)




No comments