သီပေါမြို့နယ်၌ အသက် ၁၈ နှစ်နှင့်အထက် ရဟန်းသံဃာ၊ သီလရှင်များနှင့် ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆက်လက်ဆေးထိုးနှံပေး
သီပေါ ဩဂုတ် ၂၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ရဟန်း သံဃာ၊ သီလရှင်များနှင့် ပြည်သူများအား ဒုတိယအကြိမ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့တော်ခန်းမဆေးထိုးစုရပ်နေရာတွင်
ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း
သိရသည်။
ယခုထိုးနှံပေးလျက်ရှိသော
ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ
ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူတစ်ဦးထိုးနှံပေးလျက်ရှိကြောင်း၊
ယနေ့လူဦးရေ ၄၀၀
ကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊
နောက်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊
ပြည်သူ များကာကွယ်ဆေးထိုးနှံရာတွင်
လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက်
မြိုနယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ
နဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာန
ဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက
ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း
မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
အလားတူ နမ့်လန်ကျေးရွာ၊ ဘော်ကြိုကျေးရွာနှင့်
ဆောင်ကြဲကျေးရွာရှိ ဆေးထိုးစုရပ်များတွင်
လည်းအသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ဆက် လက်ထိုးနှံပေးလျက်ရှိကြောင်း
သိရသည်။
ခင်လေး(ပြန်/ဆက်)


No comments