သဲကုန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် လှည့်လည် နှိုးဆော်
သဲကုန်း
သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊
ပြည်ခရိုင်၊ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့်
ကျေးရွာများအရောက်အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော်ခြင်းလုပ်ငန်းကို ယမန်နေ့ညနေပိုင်းက
ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ
အသိပေးနှိုးဆော်ချက်များတွင် လက်ရှိအခြေအနေ၌အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ်မနေ
အိမ်တွင်း၌သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် မဖြစ်မနေအပြင်ထွက်ရပါက ပါးစပ်နှင့်
နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်ရန်၊ စျေးဝယ်ခြင်း ကျန်းမာရေးကိစ္စသွားလာရန်ကိစ္စရှိပါက
ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပေးထားသည့် ပြင်ပသွားလာ
ခွင့် ကတ်ပြားဖြင့်သာ သွားလာကြရန်၊ ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးဖြင့်သာသွားလာကြရန်၊
စိုက်ပျိုးရေးကုန်ထုတ်လုပ်ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များဆောင် ရွက်သွားလာရန်ရှိပါက
သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးထောက်ခံချက်ဖြင့် သွားလာရန်၊ မရှိမဖြစ်အခြား
လိုအပ်ချက် ဖြစ်သောစက်သုံးဆီ၊ သားငါး၊ သောက်ရေသန့်နှင့် အခြေခံစားသောက်ကုန်များသာ ရောင်းချရန်နှင့်
စား သောက်ဆိုင်များ ပါဆယ်စနစ်ဖြင့်သာရောင်းချရန်၊ ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာများရောင်းချသည့်
ဆိုင်များ ဖွင့်လှစ်ရောင်းချရန် စသည့်အချက်များ ပါဝင်ကြောင်း သိရှိရသည်။
အဆိုပါလှည့်လည်ခြင်းလုပ်ငန်းတွင်
မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့်
တပ်မတော်သားများက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)

No comments