အုတ်ဖိုမြို့ မြို့ဝင်ဂိတ်နှင့် မြို့တော်ခန်းမရှေ့၌ ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ အခမဲ့စစ်ဆေးပေး
အုတ်ဖို သြဂုတ် ၂၉
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၌ မြို့ဝင်ဂိတ်များတွင် ဌာနဆိုင်ရာ
တာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ
ပူးပေါင်းအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာနမှ
ထုတ်ပြန် ထားသည့်စည်းကမ်းချက်များအား
ဒေသခံပြည်သူများလိုက်နာမှုရှိ၊
မရှိ နေ့စဉ် စစ်ဆေးဆောင်ရွက် လျှက်ရှိရာ ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများကလည်း
အုတ်ဖိုမြို့အဝင်တာစုံဂိတ်နှင့်
မြို့တော်ခန်းမရှေ့တို့တွင်
ပြည်သူများအား ကိုဗစ်-၁၉ ရောဂါပိုး
ရှိ၊
မရှိ
အခမဲ့စစ်ဆေးပေးခဲ့ကြောင်း
သိရသည်။
အဆိုပါစစ်ဆေးဆောင်ရွက်မှုတွင်
စျေးသွားစျေးလာပြည်သူ
၂၁၆ ဦးအား RDT Test Kit ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူငါးဦး
တွေ့ရှိခဲ့ကြောင်းနှင့်
ရောဂါပိုးကူးစက် ပြန့်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက်
ဆောင်ရွက်ခြင်းဖြစ်ကြောင်း
သိရသည်။
အောင်သူ(အုတ်ဖို)


No comments